Sunday, November 8, 2015

"အစားအသောက်တွေကို ဘယ်ချိန်မှာ စားတာ အကောင်းဆုံးလဲ"

"အစားအသောက်တွေကို ဘယ်ချိန်မှာ စားတာ အကောင်းဆုံးလဲ"

ထမင်းစားတာများ လွယ်လွယ်လေးလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။ ဒါပေမယ့် အစားအသောက်ကိစ္စမှာတောင် ကျွန်ုပ်တို့ လုပ်မိနေတဲ့ အမှားတွေ ရှိနေပါတယ်။ ထမင်းကို ဘယ်ချိန်မှာစားရမယ်ဆိုတာ သိဖို့ အရေးကြီးပြီး ထမင်းစားတာ အချိန်ကိုက်ဖြစ်ခြင်းက အဓိက အချက်ဖြစ်ပါတယ်။

မနက်စာကို မကြာခဏ နောက်ကျပြီး စားတတ်သလား။ ဒါမှမဟုတ် ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းတွေ လုပ်ပြီး မကြာခဏ အစာရှောင်ပါသလား။ ညမအိပ်ခင်လေးမှာ မကြာခဏ ထမင်းစားတတ်ပါသလား။ ထမင်းစားဖို့ အကောင်းဆုံး အချိန်ဆိုတာ ဖြေရခက်တဲ့ မေးခွန်းတစ်ခုဖြစ်နိုင်ပါတယ်။

ဒီအချက်တွေက သင့်ကို ရှင်းလင်းစွာ သဘောပေါက်စေပါလိမ့်မယ်။

မနက်စာ

အိပ်ယာထပြီး မိနစ် ၃၀ အတွင်း စားပါ။
အကောင်းဆုံးမနက်စာစားချိန်က ၇ နာရီပါ။
မနက်စာကို ၁၀ နာရီထက် နောက်မကျပါနဲ့။
မနက်စာထဲ ပရိုတင်းဓာတ်ပါ သေချာထည့်ပါ။

နေ့လယ်စာ

နေ့လယ်စာစားဖို့ အကောင်ဆုံးအချိန်က မွန်းလွဲ ၁၂း၄၅ နာရီဖြစ်ပါတယ်။
မနက်စာနဲ့ နေ့လယ်စာကို ၄ နာရီခြားပြီး စားပါ။
နေ့လယ်စာကို ညနေ ၄ နာရီထက် နောက်မကျပါနဲ့။

ညစာ

ညစာစားဖို့ အကောင်းဆုံးအချိန်မှာ ည ၇ နာရီမတိုင်မီ ဖြစ်ပါတယ်။
ညစာနဲ့ အိပ်ချိန်ကို ၃ နာရီ ခြားသင့်ပါတယ်။

ကာယလေ့ကျင့်ခန်းအစားအစာများ

အထူးသဖြင့် ဗိုက်ထဲ အစာမရှိတဲ့အချိန်မှာ လေ့ကျင့်ခန်းလုံးဝ မလုပ်ပါနဲ့။
လေ့ကျင့်ခန်းမလုပ်မီ စားသုံးသင့်တဲ့ အစားအစာတွေက အသားညှပ်ပေါင်မုန့်၊ ပရိုတင်းရှိတ်၊ ပေါင်မုန့်ကြက်ဥကြော်၊ မြေပဲထောပတ်ညှပ်ပေါင်မုန့် တို့ဖြစ်ပါတယ်။

Ref: Indiatimes

Credit: Trend Myanmar


No comments:

Post a Comment