Thursday, November 12, 2015

"စေ့စပ်ပြီးသွားတဲ့ စုံတွဲတွေအနေနဲ့ လက်ထပ်ဖို့မစီစဉ်ခင် တစ်ဦးကိုတစ်ဦး မေးထားသင့်တဲ့ မေးခွန်း (၅) ခု"

"စေ့စပ်ပြီးသွားတဲ့ စုံတွဲတွေအနေနဲ့ လက်ထပ်ဖို့မစီစဉ်ခင် တစ်ဦးကိုတစ်ဦး မေးထားသင့်တဲ့ မေးခွန်း (၅) ခု"

သင်တို့နှစ်ဦးဟာ ခုချိန်မှာ စေ့စပ်ပြီးသွားပြီမို့ ကွန်ကရက်ကျူလေးရှင်းလို့ ပထမဆုံး ဆိုချင်ပါတယ်။ ကဲ နောက်ထပ်ခြေလှမ်းသစ်တွေ မလှမ်းခင်၊ သင်တို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အစီအစဉ်မဆွဲခင် တစ်ယောက်နဲ့တစ်ယောက် သေချာမေးထားရမယ့် မေးခွန်းလေး (၅) ခု ရှိနေပါတယ်။ ဒီမေးခွန်းတွေကို စိတ်တိုင်းကျ မေးမြန်းပြီးပြီ သဘောတူ ကြည်ဖြူတယ်ဆိုရင်တော့ မင်္ဂလာပွဲအတွက် စစီစဉ်သင့်ပြီပေါ့နော်။ ကဲ မေးခွန်း (၅) ခုကို ပြောပြရရင်ဖြင့်

၁။ ငွေကြေးနဲ့ပတ်သက်ပြီး သင့်ရဲ့အယူအဆက ဘယ်လိုများလဲ။

သင်တို့တစ်ဦးချင်းစီရဲ့ ငွေကြေးအနေအထားအကြောင်း ခုချိန်မှာ ပွင့်လင်းစွာ ပြောဆိုဆွေးနွေးသင့်တဲ့ အချိန်ပါပဲ။ ပြီးတဲ့အခါ တစ်လကို ဘယ်လောက်ဝင်တယ်။ အသုံးစရိတ်က ဘယ်လောက်ရှိတယ် စတာတွေကိုလည်း နှစ်ဦးသား တိုင်ပင်သင့်နေပါပြီ။ တစ်ချို့စုံတွဲတွေကတော့ တစ်လမှာ ဘယ်လောက်ဝင်တယ်။ ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်။ ဘယ်နှစ်လတစ်ခါ ခရီးသွားမယ် စတာတွေအထိပါ တွက်ချက်ထားလေ့ ရှိကြပါတယ်။

၂။ ကလေးယူဖို့၊ မယူဖို့။

အိမ်ထောင်ကျသွားတော့မှ တစ်ယောက်က ကလေးလိုချင်တယ်။ တစ်ယောက်က မလိုချင်ဘူး စသဖြင့် အငြင်းပွားမှုတွေ ရှိလာခဲ့ရင် အိမ်ထောင်ရေးအတွက် ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒီတော့ သင်တို့နှစ်ယောက်အနေနဲ့ တစ်ယောက်က လိုချင်ရဲ့သားနဲ့ အိမ်ထောင်ကျပြီးပြီးချင်း မယူချင်သေးတာလား။ ဒါမှမဟုတ် လုံးဝမယူချင်တာလား စတာတွေကို သေချာဆွေးနွေးပါ။  ဒီအချက်ကလည်း အရေးကြီးပါတယ်။

၃။ သင်တို့နှစ်ယောက်ထဲက တစ်ယောက်က တခြားတစ်ယောက်ကို စိတ်ဝင်စားတာမျိုး၊ သံယောဇဉ်တွယ်သွားတာမျိုးတွေ ရှိလာရင် ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ။

ဒီအခြေအနေကတော့ နာကျင်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုး ကြုံလာရမယ်ဆိုရင် နှစ်ယောက်စလုံး ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာမျိုးကိုတော့ ခုကတည်းက ကြိုတွေးထားရပါမယ်။ ဒီလိုအခြေအနေမျိုးက မသိလိုက်မသိဖာသာ ကျော်သွားလို့ ရတဲ့ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်အိမ်သူအပေါ်မှာလည်း လေးစားသမှုလေး ရှိရပါဦးမယ်။ ဒီတော့ သင်တို့နှစ်ဦးသာ ဒီအခြေအနေကြုံရမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးပါ။

၎။ သင့်ရဲ့ဘ၀အိပ်မက်တွေက ဘာဖြစ်သလဲဆိုတာရယ်၊ သင့်အိမ်ထောင်ဖက်ရဲ့ ပန်းတိုင်အတွက် သင် ဘာတွေ လုပ်ပေးချင်တယ်၊ မလုပ်ပေးချင်ဘူးဆိုတာကိုပါ ဆွေးနွေးပါ။

သင့်မှာ ဘ၀နဲ့ပတ်သက်ပြီး အစီအစဉ်တွေ ဆွဲထားတာမျိုး ရှိပါသလား။ အိပ်မက်တွေ ရှိပါသလား။ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ သင် ကြိုးစားရပ်တည်နေတာမျိုးလား။ သင်ဟာ သင့်အနာဂတ်နဲ့ပတ်သက်ပြီး တွေးထားတဲ့ အရာတွေရှိရင် တစ်ဖက်လူကို ပြောပြပေးပါ။ တစ်ဖက်လူမှာရော ဘယ်လိုဘ၀ပန်းတိုင်တွေ ရှိသလဲဆိုတာမေးပါ။ သူ့အတွက် သင် ဘာတွေ ပံ့ပိုးပေးနိုင်သလဲဆိုတာ ပြောပြပါ။ ဘယ်လိုအရာမျိုးတွေတော့ သင် မလုပ်ပေးနိုင်ဘူးဆိုတာ ခုကတည်းက ရှင်းလင်းစွာ ပြောဆိုထားဖို့ သင့်လှပါတယ်။

၅။ နှစ်ဦးသား အငြင်းပွား၊ ရန်ဖြစ်ကြချိန်မှာ သင် သည်းမခံနိုင်တဲ့ သူ့ရဲ့အပြောအဆိုတွေက ဘာတွေများဖြစ်မလဲ။

နှစ်ဦးသား ပြသနာတက်တာမျိုးကတော့ စုံတွဲတိုင်း ကြုံဖူးမှာပါ။ ဒါပေမယ့် အဲ့ဒီလိုပြသနာ တက်တဲ့အချိန်တွေဆို တစ်ဖက်လူက သင့်စိတ်နာကျင်အောင် ဘယ်လိုစကားလုံးမျိုးတွေ သုံးပြီး ပြောဆိုတတ်ပါသလဲ။ သင် ခံနိုင်ရည် လုံးဝမရှိတဲ့၊ သည်းမခံနိုင်တဲ့ စကားလုံးမျိုးတွေကို သူ့ကိုပြောပြထားပါ။ နောက်တစ်ခါ ဒီလိုအသုံးအနှုန်းမျိုးတွေ မသုံးဖို့လည်း ပြောဆိုဆွေးနွေးဖို့ သင့်ပါတယ်။

ဟန်နီ

Credit: Trend Myanmar


No comments:

Post a Comment