"ရုပ်ချောတဲ့ စုံတွဲတွေက သမီးမိန်းကလေး မွေးဖွားနိုင်ခြေ ပိုများ"
လန်ဒန် စီးပွားရေးတက္ကသိုလ်က ဆင့်ကဲစိတ်ပညာ လေ့လာသူ Dr.Satoshi Kanazawa ဦးဆောင်တဲ့ နှစ်ပေါင်း ၅၃ နှစ်ကြာ အချက်အလက် စုဆောင်းလေ့လာမှုအရ ရုပ်ချောတဲ့စုံတွဲတွေဟာ သမီးမိန်းကလေး မွေးဖွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ဒီနည်းအားဖြင့် ရုပ်ချောတဲ့ အဖေအမေက မျိုးရိုးဗီဇတွေဟာ သားယောက်ျားလေးဆီ လက်ဆင့်ကမ်းပေးမှု ပိုနည်းလာပြီး ရုပ်ချောတဲ့ကောင်လေးတွေ ကမ္ဘာမှာ ပိုနည်းလာလိမ့်မယ်လို့ ဆိုပါတယ်။
Kanazawa ဟာ ၁၉၅၈ ခုနှစ်၊ မတ်လအတွင်း၊ ဗြိတိန်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ပေါင်း ၁၇၀၀၀ ရဲ့ အချက်အလက်တွေကို ကောက်ယူခဲ့ပြီး ထိုကလေးတွေ အသက် ခုနှစ်နှစ်အရွယ်မှာ သူတို့ရဲ့ ရုပ်ရည်ချောမောမှု၊ ဆွဲဆောင်မှုရှိမှုတို့ကို ကျွမ်းကျင်ပညာရှင်တွေက ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ ဒီကလေးတွေ အသက် ၄၅ နှစ်ပြည့်၊ အိမ်ထောင်ကျချိန်မှာ၊ သူတို့တွေ ကလေးဘာလေးမွေးလဲဆိုတာ လေ့လာခဲ့ကြပြီး ငယ်ရွယ်စဉ်က ချောမော၊ ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ သူတွေဟာ သမီးမိန်းကလေး မွေးဖွားမှု ပိုများတာကို တွေ့ရှိခဲ့ရပြီး ရွက်ကြမ်းရေကျို ရုပ်ရည်လို့သာ သတ်မှတ်ခံခဲ့ရသူတွေမှာ သားယောက်ျားလေး မွေးဖွားမှု ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။
Kanazawa ဟာ လူသားဆင့်ကဲဖြစ်စဉ်ရဲ့ သဘောတရားတစ်ခုကိုလည်း အသုံးချခဲ့ပါသေးတယ်။ အဆိုပါ သဘောတရားအရ မိဘတွေဟာ သူတို့တွေရဲ့ မျိုးရိုးဗီဇ (genes) တွေထဲမှာ အကောင်းဆုံး genes တွေကို သူတို့ရဲ့ သားသမီးတွေဆီ ကူးပြောင်းပေးတတ်တာနဲ့ အပြင်ပန်း အလှအပဟာ ယောက်ျားလေးထက် မိန်းကလေးမှာ ပိုအရေးပါတာကြောင့်၊ လှပတဲ့မိခင်တစ်ဦးဟာ သူတို့ရဲ့ အလှအပဗီဇမျိုးစေ့တွေကို သမီးမိန်းကလေးဆီ ပွားပေးတတ်တယ်လို့ Kanazawa က သူ့ရဲ့ သီအိုရီကို ထပ်မံ အားဖြည့်ခဲ့ပါတယ်။ Kanazawa ရဲ့ သီအိုရီအရ ဒီချောမောလှပမှု genes တွေဟာ သားယောက်ျားလေးဆီ ရောက်တဲ့အခါ သမီးမိန်းကလေးတွေမှာလောက် အကျိုးမရှိဘူးလို့ ဆိုပါတယ်။
Kanazawa ရဲ့ သီအိုရီလိုပဲ အမေရိကန်လူမျိုး ၂၀၀၀ ကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသမီးတွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပိုလှလာကြပြီး ချောမောလှပတဲ့ အမျိုးသမီးတွေအနေနဲ့ သာမန် ကြည့်ပျော်ရှု့ပျော် အမျိုးသမီးထက် ကလေးဦးရေ ပိုများများရနိုင်ကာ၊ ဒီကလေးအများစုဟာလည်း သမီးမိန်းကလေး ဖြစ်နေကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ကဲ ဒီသီအိုရီတွေကို ကျွန်တော်တို့ ခုခေတ်နာမည်ကြီးတွေနဲ့ စမ်းကြည့်ရအောင်။
Jennifer Garner နဲ့ Ben Affleck တို့က သမီးနှစ်ယောက်ဗျ။ အသက် ၆၁ နှစ်ထိ လှနေတဲ့ ဖက်ရှင်ဒီဇိုင်နာ Tina Knowles ရဲ့ သမီးနှစ်ယောက်လည်း ဘယ်သူထင်လဲ။ Beyonce နဲ့ Solange Knowles တို့ပေါ့။ Demi Moore နဲ့ Brue Willis တို့ဆို သမီးချည်း သုံးယောက်တောင်။ Matt Damon နဲ့ Luciana Barrose တို့ နှစ်ယောက် မွေးထားတာကလည်း သမီးသုံးယောက်ဆိုတော့ ဟုတ်တော့ဟုတ်နေပါပြီ။
ye wint
Credit: Trend Myanmar
Wednesday, November 25, 2015
"ရုပ်ချောတဲ့ စုံတွဲတွေက သမီးမိန်းကလေး မွေးဖွားနိုင်ခြေ ပိုများ"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment