"ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ စာစုများ"
၁။ အခြေအနေကပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ပါစေ။
၂။ အရွယ်ချင်းမတူရင်၊ နေရာချင်းမတူရင်၊ အဖြစ်ချင်းမတူရင်၊ အသိချင်းမတူနိုင်ပါဘူး ဒါလေးတော့ နားလည်သင့်တာပေါ့။
၃။ စိတ်တူကိုယ်တူဖြစ်နိုင်တဲ့ ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့ နေကြရမှာပဲ။ အဲ့ဒါမှ အရည်အချင်း။
၎။ မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့ အကျင့်တွေ မဖျောက်ပစ်ပါနဲ့။
၅။ မင်းလိုပါပဲ၊ သူတို့ပြောတာသာ အဟုတ်၊ သူတို့လုပ်တာသာ အမှန်၊ သူတို့ကြံတာသာ အကောင်း၊ ထင်နေကြတယ်။
၆။ ပညာဆိုတာ ကောင်းပါတယ်။ ပညာရှိချင်တာလား? ပညာပြချင်တာလား? နည်းနည်းတော့ သတိထားပါဦး။
၇။ ငယ်တုန်းက ထမင်းကိုဝါးပြီး ခွံ့ခဲ့တာ ကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေ ထင်တတ်တယ်။
၈။ မြင့်မြတ်တဲ့သူတွေဟာ ပျာယာမခပ်ကြတော့ပါဘူး။ တစ်ချို့က ပျာယာခပ်နေရတာကို ကျေနပ်နေကြတယ်။
၉။ အလိုက်မသိတတ်သူ တစ်ယောက်ကြောင့် ကိုယ်ပါ အလိုက်မသိတဲ့သူ အဖြစ်မခံပါနဲ့။
၁၀။ ကဲ့ရဲ့စရာတွေ့ရင် ပါးစပ်ကို တတွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့် ချီးမွမ်းစရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။
၁၁။ မူရင်းကောင်းမှ၊ မိတ္တူကောင်းမယ်။
၁၂။ သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေး အတ္တုပတ္တိက အမှန်အတိုင်း ကောင်းဖို့လိုတယ်။ သူတို့အကြိုက် လိုက်ပြီးမရေးပါနဲ့။
၁၃။ သနားစရာကို သနားတာ ကောင်းတဲ့အလုပ်ပါ၊ ဟန်ဆောင်တာကို မသိရင် လူညံ့ဖြစ်သွားပြီ။
၁၄။ “အားလုံးကို သိပါတယ်” လို့ ပြောပေမယ့် မဟုတ်တာတွေကို အဟုတ်လို့ သိနေခဲ့ရင် အလကားပါပဲ။
၁၅။ စုပြီး၊ ဆုံပြီး ရှင်းလင်းကြတာက စုဆုံပြီး ငြင်းကြတာထက် အကျိုးကောင်းတွေ များပါတယ်။
၁၆။ အလုပ်မှာမပျော်ရင် မအောင်မြင်နိုင်ဘူး၊ ပျော်လွန်းရင်လည်း အလုပ်မဖြစ်တာတွေ ကြုံရလိမ့်မယ်။
၁၇။ လေကြောင့် ပျံသန်းနိုင်တဲ့ငှက်ဟာ လေရှိမှန်း မသိကြသလို၊ ရေကြောင့် ကူးခပ်နိုင်တဲ့ငါးဟာ ရေရှိမှန်း မသိကြသလို၊ ဓမ္မ၊ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့သတ္တ၀ါတွေဟာလည်း ဓမ္မ၊ အဓမ္မကို ရှိမှန်း မသိကြပါဘူး။
၁၈။ သူတစ်ပါး လဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ် ချော်လဲနေတာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။
၁၉။ ကြိုးစားနေကြတာ ကောင်းပါတယ်၊ ဒါပေမယ့် သူဌေးဖြစ်ဖို့ပဲ မနေမနား ကြိုးစားကြတယ်၊ ချမ်းသာအောင် မလုပ်ကြဘူး။
၂၀။ နင်- မမှတ်သေးဘူးလား?
Sunday, November 22, 2015
"ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ စာစုများ"
Labels:
အဆုံးမသြဝါဒ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment