Monday, November 23, 2015

"သင့်ဘေးက သင့်ချစ်သူဟာ သင့်ဖူးစာရှင် အစစ်လား"

"သင့်ဘေးက သင့်ချစ်သူဟာ သင့်ဖူးစာရှင် အစစ်လား"

လူတစ်ဦးနဲ့တစ်ဦး ကြုံဆုံလာကြပြီ၊ အဲ့ဒီနောက် ဖူးစာပါလို့ ချစ်ကြိုက်ကြပြီဟေ့ဆိုရင် ဘာ့ကြောင့်များ တစ်ဖက်လူကို ငါ ချစ်မိသွားရသလဲဆိုပြီး သင် အမြဲ တွေးမိနေပါလိမ့်မယ်။ နောက်တစ်ချက်က သူသာ သင့်ရဲ့ဖူးစာရှင် အစစ်အမှန်ဆိုရင် ငါ သူ့ကို တကယ်ကိုချစ်မိနေပြီပဲ ဆိုပြီးတော့လည်း သင် နက်နက်နဲနဲ ခံစားမိနေပါလိမ့်မယ်။ သင်ဟာ ရုပ်ရှင်တွေ၊ ယုံတမ်းစကားတွေ၊ ပုံပြင်တွေထဲက ဖူးစာရှင်အစစ်ဆိုတာကို ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် သင့်ဘေးမှာ နောက်ထပ် အခြားတစ်ယောက် ရှိနေပေးတာကိုတော့ သင် ယုံကြည်ရပါလိမ့်မယ်။ သင်ဟာ သင့်ဖူးစာဖက်နဲ့ ဆုံတွေ့နေပြီလားဆိုတာ သင့်စိတ်က သိပြီးဖြစ်ပေမယ့် ဒါကို အတည်ပြုပေးနိုင်မယ့် အချက်လေးတွေလည်း ရှိနေပါတယ်။

၁။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တာနဲ့ သူဘာတွေ တွေးနေတယ်ဆိုတာကို ခံစားလို့ရတယ်။

၂။ သူမရှိပဲ ဘယ်လိုနေရမလဲဆိုတာ တွေးတောင်တွေးမကြည့်ချင်တော့ဘူး။

၃။ သင့်ဘ၀မှာ တိုးတက်ရာ တိုးတက်ကြောင်းအတွက် သူ အမြဲ ကူညီပေးတယ်။

၎။ အချိန်ကာလတစ်ခု ရှိလာသည့်တိုင် သင်တို့နှစ်ဦးရဲ့ အချစ်တွေက လျော့မသွားဘူး။

၅။ သင် စိတ်တိုနေတဲ့အချိန် ဒေါသမီးတွေ ငြိမ်းသွားအောင် သူ ဘယ်လိုလုပ်ပေးရမလဲ သူသိတယ်။ သင် စိတ်ဖိစီးမှုတွေရှိနေတဲ့အခါ ဒီအရာတွေက ရုန်းထွက်နိုင်အောင် သူ ဘယ်လိုစိတ်ဓာတ်ခွန်အား ပေးရမလဲဆိုတာလည်း သူသိတယ်။

၆။ သူဘေးနားရှိတဲ့အခါ အမြဲ သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်မျိုးရှိတယ်။ စိတ်ထဲကျေနပ်နေမိတယ်။

၇။ နှစ်ဦးသား ခွဲခွာနေရင်တောင် ဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတာမျိုး ကိုယ့်အသိစိတ်နဲ့ကိုယ် ပြောဆို အသိပေးကြတယ်။

၈။ နှစ်ယောက်စလုံး ခံစားမိနေတာက ငါတို့နှစ်ယောက်က ဟိုးအရင်ကတည်းက သိခဲ့ကြသလိုမျိုး။ တစ်နှစ်၊ နှစ်နှစ်မက ကလေးဘ၀ကတည်းကကို ရင်းနှီး ခင်မင်ခဲ့ကြသလိုမျိုး။

၉။ တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးကြတယ်။ စိတ်ကောက်၊ ရန်ဖြစ်ရင်လည်း ခဏပဲ။

၁၀။ သင့်ဘေးနားက လူတွေတောင် မသိတဲ့ သံယောဇဉ်ကြိုးမျိုး သင့်တို့နှစ်ဦးမှာ ရှိတယ်။

၁၁။ နောက်ထပ်တစ်ယောက်ဆိုတဲ့ အတွေးမျိုး သင့်မှာ မရှိတော့တာ သူနဲ့ ချစ်သူဖြစ်ပြီးကတည်းကပါပဲ။

၁၂။ သူ နာကျင်တဲ့အခါ သင်ပါ နာကျင်ရတယ်။ သူ ပြုံးပျော်တဲ့အခါလည်း သင်ပါ ပြုံးပျော်ရတယ်။

၁၃။ သင်ပြောဖြစ်တဲ့ အကြောင်းအရာ တော်တော်များများက သူ့အကြောင်း ဖြစ်နေတာများတယ်။

၁၄။ သူနဲ့မတွေ့ခင်အချိန်နဲ့ ခုတွေ့ပြီးအချိန်မှာ သင်ဟာ ပိုမိုကောင်းမွန်တဲ့၊ တော်ပြီးထက်မြက်တဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာတယ်။

၁၅။ သူဟာ သင့်ကို အမြဲ ကာကွယ်ပေးတယ်လို့ ခံစားရတယ်။ သူရှိမှ လုံခြုံတယ်လို့တောင် သင် ခံစားလာရတယ်။

၁၆။ သူကမှ သင့်ဖူးစာရှင်အစစ်လို့ သင် အမြဲတမ်း တွေးမိနေခဲ့ပြီ။

သင်ဟာ ဒီလိုလူမျိုးနဲ့ တွေ့နေပြီ၊ ချစ်ကျွမ်းဝင်နေပြီဆိုရင်တော့ ဘယ်လိုအကြောင်းကြောင့်နဲ့မှ သူ့ကို လက်လွှတ်မခံပါနဲ့လို့။

ဟန်နီ

Credit: Trend Myanmar


No comments:

Post a Comment