"နံရိုးခြောက်ချောင်း ခွဲစိတ်ထုတ်ပြီး ဘာဘီရုပ်နဲ့တူအောင် ပြုလုပ်ခဲ့တဲ့ အမျိုးသမီး"
ဆွီဒင်နိုင်ငံက Pixee Fox ဆိုသူ အမျိုးသမီးဟာ ပလတ်စတစ်ဆာဂျရီအတွက် ပေါင် ၈ သောင်းကျော် အကုန်အကျခံကာ သူမရဲ့ခန္ဓာကိုယ်ကို သဲနာရီလို ရင်ကြီးခါးသွယ် ပုံစံမျိုးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ အခုအခါမှာတော့ Pixee ဟာ သူမရဲ့ ခါးဆိုက်ကို စံချိန်တင် ၁၄ လက်မပဲ ရှိတော့အောင်လို့ အောက်နံရိုးတွေကို ခွဲစိတ် ဖယ်ထုတ်လိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Pixee Fox က သူမဟာ ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ Jessica Rabbit ၊ Sleeping Beauty ဇာတ်လမ်းထဲက Aurora နဲ့ Cool World ဇာတ်လမ်းထဲက Holli Would ဇာတ်ကောင်တွေကို အားကျပြီး အခုလို လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီကာတွန်းဇာတ်ကောင်တွေရဲ့ ကိုယ်လုံးလေးတွေက အမျိုးသမီးတစ်ယောက် ခန္ဓာကိုယ်ရဲ့ စံနမူနာပုံစံပါပဲ။ ကျွန်မလည်း ဒီလို စံပုံစံမျိုးကို ရချင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။ “သူတို့ရဲ့ အတွင်းပိုင်းစိတ်နဲ့ အပြင်ခန္ဓာကိုယ်နဲ့ ထပ်တူမကျတဲ့လူတွေ အများကြီှးရှိပါတယ်။ ဥပမာပြောရရင် လိင်ပြောင်းထားတဲ့ လူတွေပေါ့။ ကျွန်မကလည်း ကျွန်မရဲ့အပြင်သဏ္ဍာန်က ကျွန်မအတွင်းစိတ်နဲ့ ထပ်တူမကျပါဘူး။ ကျွန်မက တင်ခါးသေးသေးလေး၊ ရင်ကြီးကြီး၊ မျက်ဝန်းကြီးကြီးနဲ့ တကယ်လှပတဲ့ မျက်နှာလေးကို လိုချင်ပါတယ်။ အခု နံရိုးတွေ ထုတ်လိုက်တာကလည်း ဒီလိုစံပုံစံမျိုး ရဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ခုပဲ ရှိပါသေးတယ်” လို့ သူမက ဆိုပါတယ်။
Pixee Fox ရဲ့ နံရိုးခြောက်ချောင်း ခွဲစိတ်ထုတ်တဲ့ အော်ပရေးရှင်းကို အမေရိကန်နိုင်ငံ၊ Indianapolis မြို့က ပလတ်စတစ်ဆာဂျရီ ဆရာဝန် Dr Barry Eppley က ခွဲစိတ်ပေးခဲ့တာဖြစ်ပြီး ငါးနာရီကြာမြင့်ခဲ့ကာ ပေါင် ခြောက်ထောင်လောက် ကုန်ကျခဲ့ပါတယ်။ အောက်နံရိုးတွေ ထုတ်ပစ်လိုက်တဲ့အတွက် သူမရဲ့ အသည်းအပါအ၀င် အတွင်းပိုင်းအင်္ဂါတစ်ချို့ဟာ ခန္ဓာကိုယ်ရဲ့ သဘာဝအကာအကွယ်တွေ မရှိတော့ပေမယ့် သူမကတော့ စိတ်မပူဘူးလို့ ဆိုပါတယ်။
ရင်သားခွဲစိတ်မှု၊ နံရိုးဖယ်ရှားမှုအပါအ၀င် ခွဲစိတ်မှုပေါင်း ၁၁ ခုကို ပြုလုပ်ထားတဲ့ Pixee က ဒါဟာ သူမရဲ့ ခန္ဓာကိုယ် အသွင်ပြောင်းလဲပစ်မှု ခရီးရဲ့ တစ်ဝက်လောက်သာ ရှိသေးပြီး ၂၀၁၆ ခုနှစ်မှာ နောက်ထပ်ခွဲစိတ်မှုတွေ တသီတသန်းကြီး လုပ်ဖို့ အစီအစဉ်ဆွဲထားကြောင်း ပြောပြခဲ့ပါတယ်။
ye wint
Credit: Trend Myanmar
Monday, November 30, 2015
"နံရိုးခြောက်ချောင်း ခွဲစိတ်ထုတ်ပြီး ဘာဘီရုပ်နဲ့တူအောင် ပြုလုပ်ခဲ့တဲ့ အမျိုးသမီး"
Labels:
နိုင်ငံတကာသတင်း
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment