"အမြွှာပူး မွေးထားတဲ့မိခင်တွေ အသက်ပိုရှည်ကြောင်း လေ့လာတွေ့ရှိ"
နာမည်ကျော် သိပ္ပံနဲ့ကျန်းမာရေး သတင်းဝက်ဘ်ဆိုဒ် LiveScience မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ အမြွှာပူးမိခင်တွေဟာ သာမန်မိခင်တွေထက် အသက်ရှည်ရှည်နေရနိုင်ခြေ ပိုများကြောင်း သိရှိရပါတယ်။
အမြွှာပူးမေမေတွေဟာ မွေးဖွားချိန်မှာ ကလေးနှစ်ယောက် တစ်ပြိုင်တည်း မွေးဖွားနိုင်လောက်အောင် ကျန်းမာသန်စွမ်းမှု ရှိတာကြောင့် အသက်ပိုရှည်ရှည် နေရလေ့ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသန ပညာရှင်တွေဟာ ဒီလေ့လာမှု ပြုလုပ်ချိန်တုန်းက အမြွှာပူးမိခင်တွေဟာ သာမန်မိခင်တွေထက် အသက် ပိုတိုနိုင်တယ်ဆိုတဲ့အဖြေ ရမယ်လို့ ထင်ခဲ့ကြတာဖြစ်တယ်လို့ ၀န်ခံထားပါတယ်။
လူသားအများစုဟာ သာမန်အားဖြင့် တစ်ကြိမ် ကလေးတစ်ယောက်သာ မွေးဖွားတတ်ကြတာမို့ ကလေးနှစ်ယောက်ကို တစ်ချိန်တည်းမွေး၊ စောင့်ရှောက်ရတာဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းရမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ အမြွှာပူး မိခင်တွေဟာ ရုပ်ပိုင်းဆိုင်ရာမှာ တစ်မူထူးခြားမှု ရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် တွေ့ရှိမှုအရ အမြွှာပူးမိခင်တွေဟာ ကလေးရနိုင်တဲ့ ပျှမ်းမျှသက်တမ်း (မျိုးပွားနိုင်မှု ပျှမ်းမျှသက်တမ်း) ပိုရှည်ကြာလေ့ရှိပြီး ကိုယ်ဝန် တစ်ခုနဲ့တစ်ခုကြားမှာလည်း ပြန်လည် ကျန်းမာနာလန်ထူဖို့ အချိန်နည်းနည်းသာ လိုအပ်သလို ပျှမ်းမျှအားဖြင့်လည်း သားသမီးတွေ ပိုများလေ့ရှိတယ်လို့ ဆိုပါတယ်။
Utah နိုင်ငံက အမျိုးသမီးပေါင်း ၁၈၀၀ ရဲ့ မျိုးအောင်နိုင်မှုကို လေ့လာခဲ့ရာမှာ အမြွှာပူးမိခင်တွေဟာ သာမန်မိခင်တွေထက် သားသမီးဦးရေ ၁.၉ နဲ့ ၂.၃ ယောက်ကြား ပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။
ye wint
Credit: Trend Myanmar
Friday, November 13, 2015
"အမြွှာပူး မွေးထားတဲ့မိခင်တွေ အသက်ပိုရှည်ကြောင်း လေ့လာတွေ့ရှိ"
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment