"၀က်သား၊ အမဲသား အစားများသူများ လေဖြတ်နိုင်ခြေများ"
ဝက်သား၊ အမဲသား များစွာ စားသုံးသူများသည် အနည်းငယ် စားသုံးသူများထက် လေဖြတ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။
လေဖြတ်ရန် အကြောင်းအရင်းများဖြစ်သော ဆီးချိုသွေးချိုနှင့် နှလုံးရောဂါများ မရှိသောကြောင့် လူလတ်ပိုင်းအရွယ် (၁၁၀၀၀) ဦးတို့၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို သုတေသနပညာရှင်များက လေ့လာခဲ့သည်။ ၎င်းတို့အနက် ထက်ဝက်ခန့်ကို ၂၃ နှစ်ခန့် လေ့လာခဲ့ခြင်းဖြစ်သည်။
လေ့လာမှုတွင် ပါဝင်သူများအနက် ၀က်သား၊ အမဲသား စားလွန်းသူများသည် သာမန်လောက် စားသူများထက် ဦးနှောက်တွင်း သွေးကြောများပိတ်ပြီး လေဖြတ်နိုင်ခြေ (၄၇) ရာခိုင်နှုန်း ပိုများကြောင်း ဂျာမနီနိုင်ငံ ဗားဘတ်တက္ကသိုလ် နှလုံးလေ့လာ ရေးဌာနမှ လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သည့် ဒေါက်တာ ဘန်းဟတ်ဟဲရင်းက ပြောဆိုခဲ့သည်။ ၀က်သားအမဲသားများကို မစားရန် တိုက်တွန်းခြင်းမဟုတ်ဘဲ ချင့်ချိန် စားသုံးရန်သာ တိုက်တွန်းလိုပါကြောင်း ဒေါက်တာဟဲရင်းက ပြောဆိုခဲ့သည်။
အသားဓာတ်ရရှိအောင် စားသုံးမှုနှင့် လေဖြတ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို သိရှိနိုင်ရေးအတွက် ဟဲရင်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် ၁၉၈၇ ခုနှစ်မှစပြီး။ အသက် (၄၅) မှ (၆၄) နှစ်ကြား အမေရိကန် နိုင်ငံသားများအား ဖြေဆိုစေခဲ့သည့် စားသုံးမှု ပုံစံ မေးခွန်းလွှာများကို လေ့လာမှုပြုလုပ်ခဲ့သည်။ အလေ့လာခံများထဲမှ ထက်ဝက်ခန့်ကို ၂၀၁၁ ခုနှစ်အထိ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။
အလေ့လာခံများအား အသားဓာတ် မည်မျှစားသုံးသည်နှင့် မည်သည့်အမျိုးအစား စားသုံးသည်တို့ကို အခြေခံပြီး အုပ်စု ငါးစုခွဲခဲ့သည်။ အောက်ဆုံး ငါးပုံတစ်ပုံသည် တစ်ရက်လျှင် ပရိုတိန်း (၄၉) ဂရမ်ကို စားသုံးပြီး။ ထိပ်ဆုံး ငါးပုံတစ်ပုံသည် တစ်ရက်လျှင် ပရိုတိန်း (၉၃) ဂရမ်ကို စားသုံးနေကြောင်း တွေ့ရှိခဲ့သည်။
(၂၂ ဒသမ ၇) နှစ်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အလေ့လာခံ (၁၁၆၀၁) ဦးအနက် လေဖြတ်သူ (၆၉၉) ဦး ရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်း များစွာ စားသုံးသူများသည် အနည်းငယ် စားသူများထက် လေဖြတ်နိုင်ခြေ (၂၄) ရာခိုင်နှုန်း ပိုများပြီး။ ၀က်သား၊ အမဲသားများစွာ စားသုံးသူများသည် အနည်းငယ် စားသူများထက် လေဖြတ်နိုင်ခြေ (၄၁) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့သည်။
ထို့ပြင် ကြက်ဥဘဲဥ အစားများသူများသည် အနည်းငယ်စားသူများထက် ဦးနှောက်သွေးကြော ပေါက်ပြီး။ လေဖြတ်နိုင်ခြေ (၄၁) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့သည်။
Source:Reuters
Credit: messenger
Sunday, November 29, 2015
"၀က်သား၊ အမဲသား အစားများသူများ လေဖြတ်နိုင်ခြေများ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment