Wednesday, November 11, 2015

"သင် နေ့စဉ်ပြုမူတဲ့ ဒီအကျင့် (၄)မျိုးက သင့်ရဲ့အချစ်ရေးကို လုံးဝပြောင်းလဲသွားစေနိုင်"

"သင် နေ့စဉ်ပြုမူတဲ့ ဒီအကျင့် (၄)မျိုးက သင့်ရဲ့အချစ်ရေးကို လုံးဝပြောင်းလဲသွားစေနိုင်"

တကယ်တော့ တစ်နေ့တာ သင်ပြုမူနေတတ်တဲ့ အကျင့်လေးတွေက သင့်အချစ်ရေးကို အများကြီး အပြောင်းအလဲဖြစ်စေပါတယ်။ အချစ်ရေးကို ပိုတိုးတက်သွားစေနိုင်သလို သင်တို့နှစ်ဦးကို လုံးဝ ဖြတ်တောက်ပစ်လိုက်သလို ဖြစ်သွားစေတာမျိုးလည်း ရှိပါတယ်။ ဒီတော့ ဘယ်လိုအကျင့်မျိုးတွေက သင့်အချစ်ရေးကို ပိုခိုင်မြဲစေနိုင်သလို သင်တို့နှစ်ဦးကြားက သံယောဇဉ်ကို ပိုတိုးလို့ ချည်နှောင်ပေးနိုင်သလဲဆိုတာ မသိချင်ဘူးလား။

၁။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပေးတာမျိုး။

လူတွေဟာ လမ်းလယ်ခေါင်မှာ ချစ်သူနှစ်ဦး ပွေ့ဖက်ထားတာမြင်ရင် ဒီလိုမနေသင့်ဘူး၊ မလုပ်သင့်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ ချစ်သူနှစ်ဦးဟာ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း ကိုယ်ချစ်သူနဲ့အတူ ရှိနေချိန် ဖြတ်ခနဲ နမ်းလိုက်တာမျိုး။ ကိုယ့်ချစ်သူပခုံးလေးကို ဆွဲဖက်ထားတာမျိုး၊ လက်ကို မလွှတ်တမ်း ကိုင်ထားတာမျိုးဟာ ဒါကောင်းတဲ့ အကျင့်လေးတွေပါ။ လူတိုင်းဟာ အထိအတွေ့ကို လိုအပ်ပါတယ်တဲ့။ ဒါ ထူးဆန်းတယ်ဆိုရမလားပဲ။ ဒါပေမယ့် တကယ်ကိုလိုအပ်တာပါ။ တိရိစ္ဆာန်တွေတောင် အထိအတွေ့ခံရတဲ့ တိရစ္ဆာန်တွေဟာ အထိအတွေ့မခံရတဲ့ တိရိစ္ဆာန်တွေထက် ပိုမိုပျော်ရွှင်ရတာပဲလေ။ ဒါဟာ သူတို့ရဲ့အသိဥာဏ်ဖွံဖြိုး တိုးတက်မှုနှုန်းကိုလည်း မြင့်တက်လာစေပါတယ်တဲ့။ ဒီတော့ ပြောချင်တာက သင်နဲ့သင့်ချစ်သူဟာ တစ်ဦးနဲ့တစ်ဦး အထိအတွေ့ ပိုများလေလေ သင်တို့နှစ်ဦးဟာ ပိုပျော်ရွှင်ရလေလေဆိုတာ မမေ့ပါနဲ့။

၂။ကျေးဇူးတရားကို ဖွင့်ဟပြောပြတာမျိုး။

ဝန်ထမ်းတွေဟာ သူတို့အလုပ်ရှင်၊ သူဌေးက သူတို့လုပ်ရည်ကိုယ်ရည်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ feedback ပြန်ပြောတဲ့အခါ သူတို့ ပျော်ရွှင်ကြရပါတယ်။ အလုပ်လုပ်ရတာလည်း ပိုကောင်းသွားတတ်ကြပါတယ်။ တစ်ခါတစ်လေ တစ်ယောက်က တစ်ယောက်ကို ကျေးဇူးတင်စကားလေး ပြောလိုက်တာဟာ ပြောလိုက်တဲ့သူအတွက် ဒီလောက်မဟုတ်ပေမယ့် အပြောခံရတဲ့သူအတွက် မမေ့နိုင်တော့တာမျိုးလည်း ရှိတတ်ကြပါတယ်။ ကျေးဇူးတင်တဲ့အကြောင်းကို တရှည်တလျား ပြောနေစရာ မလိုပါဘူး။ ဒါပေမယ့် မကြာခဏတော့ ပြောပေးဖို့လိုပါတယ်။ ဒါ စီးပွားရေအတွက် မဟုတ်ပါဘူး။ လူသားတွေအတွက် လိုအပ်ချက် တစ်ခုဆိုတာကို ပြောချင်ပါတယ်။ တစ်ဖက်လူ ကိုယ့်အတွက် လုပ်ပေးလိုက်တဲ့အရာ အဆင်ပြေသွားတဲ့အခါ တစ်ဖက်လူကို ကျေးဇူးတင်စကား ချီးမြှောက်တဲ့စကား ပြောဆိုပေးခြင်းဟာ သူတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးမှု အတိုင်းအတာကို ပိုမိုကြီးမားသွားစေပါတယ်။ အချစ်ရေးမှာလည်းဒီအတိုင်းပါပဲ။ ကိုယ့်ချစ်သူက ကိုယ့်အတွက် လုပ်ပေးလိုက်တဲ့အရာလေးကို တန်ဖိုးထား ချီးကျူးပါ။ ကျေးဇူးတင်စကား ပြောပါ။ ဒါ့အပြင် ချစ်တယ်ဆိုတဲ့စကားကိုလည်း မခြွေတာပါနဲ့။ အချိန်တိုင်းမဟုတ်တောင် မကြာခဏပြောပေးဖို့ လိုအပ်ပါတယ်။

၃။အလုပ်တွေ မအားရင်တောင် ချစ်သူနဲ့ချိန်းထားတာကို ဘယ်တော့မှ မဖျက်တတ်တာမျိုး။

ခုလိုမော်ဒန်ခေတ်ကြီးထဲမှာ လူတိုင်း ကိုယ့်အလုပ်နဲ့ကိုယ် မအားနိုင်ကြပါဘူး။ ရုံးအလုပ်၊ ကုမ္ပဏီအလုပ်တွေ ဘယ်လောက်များများ ကိုယ့်ချစ်သူအတွက်တော့ အချိန်ပေးသင့်ပါတယ်။ ကိစ္စတစ်ခုခုနဲ့ ယှဉ်လာတဲ့အခါမှာလည်း ကိုယ့်ချစ်သူကို ဦးစားပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးကြား ဝေးကွာမသွားအောင် သံယောဇဉ်ကြိုး မြဲစေတဲ့အရာပါပဲ။ ဘယ်လောက်အလုပ်များများ တစ်ပတ်တစ်ခါလောက်တော့ အနည်းဆုံး တွေ့သင့်ပါတယ်။

၎။တစ်ဦးနဲ့တစ်ဦး ဘယ်သွားနေတယ်၊ ဘယ်ရောက်နေတယ်ဆိုတာကို အလိုက်သိ အသိပေးတတ်တာမျိုး။

သင့်ချစ်သူက သူဘယ်နေရာသွားတယ်၊ ဘယ်ရောက်နေတယ်ဆိုတာမျိုးကို သင့်ကို အမြဲ အသိပေးတာဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ သင်ကမပြောရင် ဘာလုပ်မယ်၊ ညာလုပ်မယ်လို့ ပြောဆိုထားခြင်းမျိုး မရှိတာတောင် တစ်ဦးနဲ့တစ်ဦး ခုလို သိတတ်ခြင်းဟာ တစ်ဦးကိုတစ်ဦး အလေးထားတယ် ဆိုတာမျိုးကိုလည်း သက်ရောက်စေပါတယ်။

မေသော်

Credit: Trend Myanmar


No comments:

Post a Comment