Thursday, November 5, 2015

"လမ်းသွက်သွက် လျှောက်ခြင်းက လေ့ကျင့်စင်တာ သွားကစားခြင်းထက် ၀ိတ်ကျဖို့ ပိုသေချာ"


"လမ်းသွက်သွက် လျှောက်ခြင်းက လေ့ကျင့်စင်တာ သွားကစားခြင်းထက် ၀ိတ်ကျဖို့ ပိုသေချာ"

ဝိတ်ကျချင်ရင် ပိုက်ဆံတွေ အကုန်ခံပြီး လေ့ကျင့်စင်တာ သွားမနေပါနှင့်၊ လမ်း ခပ်သွက်သွက်လေး လျှောက်ပေးရုံနှင့် အဆင်ပြေပါသည်ဟု  သုတေသီတို့က ဆိုလိုက်သည်။

အသက် (၅၀) အထက် အမျိုးသမီးများကို လေ့လာထားရာ တစ်ရက် မိနစ်သုံးဆယ်စာလောက် ခပ်သွက်သွက် လမ်းလျှောက် သူများသည် လေ့ကျင့်စင်တာ သွားပြီး ပြေးစက်မှာပြေးသူ၊ စက်ဘီး နင်းသူများထက် ၀ိတ်ကျ သွယ်လျ ကျစ်လျစ်ကြကြောင်း တွေ့ရှိထားသည်။ လန်ဒန် စီးပွားရေး သင်တန်းကျောင်းမှ ဒေါက်တာ ဂရေ့စ်လာဒန်နှင့် အဖွဲ့က စမ်းသပ်ထားခြင်း ဖြစ်သည်။ လမ်းခပ်သွက်သွက် လျှောက်သူများအပြင် တစ်ရက်လျှင် မိနစ် သုံးဆယ်စာခန့် အိမ်အလုပ်များ လှုပ်လှုပ်ရှားရှား လုပ်သူများသည်လည်း ကျန်းမာရေးစင်တာ တကူးတက သွားကာ လေ့ကျင့်သူများထက် ခန္ဓာညွှန်းကိန်း (ဘီအမ်အိုင်) လျော့နည်းကြသလို၊ ပိုလည်း သွယ်လျ ကျစ်လျစ်ကြကြောင်း သိရသည်။

၁၉၉၉-၂၀၁၂ ကာလ အင်္ဂလန် ကျန်းမာရေး စစ်တမ်း အချက်အလက်များကို အခြေခံပြီး ယခုစစ်တမ်းကို ပြုစုထားခြင်း ဖြစ်သည်။ ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနကလည်းအသက် (၅၀) အထက်များ အနေဖြင့် တစ်ပတ်လျှင် အနည်းဆုံးမိနစ် (၁၅၀) ခန့် လှုပ်လှုပ်ရှားရှား နေထိုင်သင့်ကြောင်း အကြံပြုထားသည်။ လက်ရှိ ဗြိတိန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ၆၀ ရာခိုင်နှုန်း (၃၂) သန်းသည် အ၀လွန်နေကြသည်။ ထိုသူများအနက် (၁၂ ဒသမ ၅) သန်းသည် အလွန်အမင်း အ၀လွန်သည့် အဆင့်သို့ ရောက်ရှိနေသည်။

ကမ္ဘာ့အ၀လွန်မှု တိုက်ဖျက်ရေးဖိုရမ် (World Obesity Forum) ၏ ခန့်မှန်းချက်အရ ဗြိတိန်တွင် ၂၀၂၅ ခုနှစ်၌ နိုင်ငံသား လေးပုံသုံးပုံသည် အ၀လွန်နေကြလိမ့်မည်ဟု သိရသည်။

Source: BBC

Credit: messenger

No comments:

Post a Comment