"င့ါအတွက် နင်…"
ငါ နင့်ကို ဂရုစိုက်လွန်းလို့ နင် ငါ့အပေါ်ဆို အမြဲတမ်း အနိုင်ယူတတ်တယ်…။
ခပ်ဆိုးဆိုး ချစ်သူလေးမို့ ငါ ပိုချစ်တာကို နင် ကောင်းကောင်းကြီး သိပါတယ်…။
နင့်စကားတစ်လုံး အဆုံးမှာ နာကျင်မှုလေးတစ်ခုလောက်များ တွေ့မိရင်တောင် ငါ့ကြောင့်များဖြစ်နေမလား
တောင်းပန်နေတတ်တဲ့ သူပါ…။
နင် အမှားတွေဆက်တိုက် လုပ်နေခဲ့ရင်တောင် အပြုံးမပျက်တတ်တဲ့ ငါ့ကို တစ်ခြားသူတစ်ယောက်ရဲ့ သွေးထိုးစကားလေး တစ်ခွန်းနဲ့ မုသားမပါတဲ့ ငါ့အချစ်တွေကို နင် စတေးပစ်လိုက်ဖို့ စဉ်းစားရက်တယ်…။
ခံစားတတ်တဲ့သူတစ်ယောက် ဖြစ်နေတော့ နင်ပေးခဲ့တဲ့အလွမ်းနဲ့ ရှေ့ဆက်ရမဲ့ လမ်းတွေလည်း ပျောက်ရှကုန်ပြီပေါ့ဟာ…။
အလွမ်းက တိုက်စားလွန်းလို့ နင်ရှိနေတဲ့ ငါ့ရင်ဘတ်ကလေး သဲ့သဲ့လေးတိုးဝှေ့နေတဲ့ လေစိမ်းလေးတောင် ခံနိုင်ရည် မရှိတော့ပါဘူး ချစ်သူရယ်…။
Credit: Hnin Nandar
Sunday, November 22, 2015
"င့ါအတွက် နင်…"
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment