Wednesday, November 18, 2015

"တစ်အူထုံဆင်း ညီအစ်မတွေမှာ အစ်မတွေက ညီမတွေထက် အ၀ပိုလွန်ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိ"

"တစ်အူထုံဆင်း ညီအစ်မတွေမှာ အစ်မတွေက ညီမတွေထက် အ၀ပိုလွန်ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိ"

အစ်မကြီးတစ်ယောက် ဖြစ်ရခြင်းမှာလည်း ကောင်းကွက်တွေ အများကြီးရှိပါတယ်။ ကိုယ့်အနောက်မှာ ဘယ်သူမှ မမွေးသေးခင်တော့ ကိုယ်က တစ်ဦးတည်းသော သမီးလေးလို ရွှေပေါ်မြတင် ဆက်ဆံခံရပါတယ်။ ကိုယ့်ကလေးဘ၀ဓာတ်ပုံ အယ်လ်ဘမ်ကလည်း မောင်၊ ညီမအငယ်တွေထက် ပိုဝေေ၀ဆာဆာ ရှိနိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာမှုတစ်ခုအရ၊ သင်ဟာ ကိုယ့်အောက်မှာ ညီမတွေရှိတဲ့ အစ်မတစ်ယောက်ဆိုရင်၊ သင့်ရဲ့ ညီမလေးတွေထက် အရွယ်ရောက်ချိန်မှာ ကိုယ်အလေးချိန် ပိုများနိုင်ကြောင်း သိရှိရပါတယ်။

ဆွီဒင်နိုင်ငံ၊ ကူးစက်ရောဂါကာကွယ်ရေးနဲ့ လူထုကျန်းမာရေးဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ၊ သုတေသန ပညာရှင်တွေဟာ ဆွီဒင်မွေးစာရင်းဌာနက တစ်အူထုံဆင်း ညီအစ်မတွေရဲ့ အချက်အလက်ကို လေ့လာခဲ့ရာမှာ၊ မိသားစုတစ်ခုမှာ အစ်မတွေက ၀နိုင်ခြေ ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတွေ့ရှိမှုဟာ ယောက်ျားလေး ညီအစ်ကိုတွေမှာလဲ အတူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။

အစောဆုံး မွေးတဲ့အစ်မတွေဟာ နောက်မှမွေးတဲ့ ညီမတွေထက် မွေးဖွားချိန်မှာ ပေါင်ချိန်နည်းပေမယ့် အရွယ်ရောက်ချိန်မှာ ကိုယ်အလေးချိန် ပိုနိုင်ခြေ ၂၉ ရာခိုင်နှုန်း ပိုများပြီး အ၀လွန်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

ဒီအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တော့ မပြနိုင်သေးပေမယ့် မိခင်ဖြစ်သူ ဒုတိယမြောက် ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်သလို၊ ပထမဆုံးကလေးရပြီး စိတ်လှုပ်ရှားနေတဲ့ မိခင်တွေဟာ သားဦး၊သမီးဦးကို ကျန်းမာအသက်ရှည်အောင် အစားအစာတွေ စွတ်ကျွေးကြလို့လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ye wint

Credit: Trend Myanmar


No comments:

Post a Comment