Sunday, November 15, 2015

"လူတွေ အရွယ်အစား သေးသွားလျှင် ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်မည်ဟုဆို"

"လူတွေ အရွယ်အစား သေးသွားလျှင် ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်မည်ဟုဆို"

လူ့သမိုင်း တစ်လျှောက်တွင် လူကောင်ကြီးမှသာ ပိုမိုကောင်းမွန်မည်ဟု မှတ်ယူခဲ့ကြသည်။ ယနေ့ခေတ် လူသားများ၏ ဘိုးဘေးများ အရပ်ပိုရှည် လာသောကြောင့် ပိုမိုမြန်ဆန်ပြီး သန်မာလာခဲ့သည်။ အစားအစာ ရှာဖွေရာတွင်လည်း ပိုမို စွမ်းဆောင်လာခဲ့သည်။

သို့သော် ယနေ့ခေတ်လို အစားအစာ ရရှိရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် မလိုသည့်ခေတ်မျိုးတွင် အရပ်အမောင်းမှာ များစွာကောင်းကျိုး မပြုတော့ချေ။ လူသား၏ အရွယ်အစားကို (၅၀) စင်တီမီတာ (၁ ဒသမ ၆၄၀၄၁ ပေ) အထိ ကျုံ့နိုင်မည်ဆိုပါက ပုံမှန် အရွယ်အစားရှိသော လူသားတစ်ဦး စားသုံးနေသည့် အစားအစာ အရင်းအမြစ်များ၏ နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းကိုသာ လိုအပ်တော့မည် ဖြစ်သည်။

ကမ္ဘာ့လက်ရှိလူဦးရေ  ခုနစ်ဘီလီယံအား ကမ္ဘာကြီးက ၀လင်အောင် မကျွေးမွေးနိုင်သဖြင့် လူများ၏ အရွယ်အစားကို ကျုံ့ပစ်ရန် လိုအပ်ကြောင်း နယ်သာလန် နိုင်ငံသား အနုပညာရှင် အားနီဟန်းဒရစ်ခ်စ်က အကြံပြုခဲ့ခြင်း ဖြစ်သည်။ ရှားပါးလာသော ခေတ်ကြီးတွင် အရပ်ရှည်ခြင်းသည် ကောင်းကျိုး မဆောင်တော့ကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သော ရာစုနှစ်တွင် ပုံမှန်လူ တစ်ဦးသည် အစားအစာနှင့် ကျန်းမာရေး လိုက်စားမှုကြောင့် လေးလက်မ ပိုရှည်လာခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ (၁၉၀၀) ခုနှစ်တွင် ပုံမှန်အမျိုးသား တစ်ဦးသည် အရပ် (၅ ပေ ၆) လက်မ ရှိခဲ့သော်လည်း ၂၀၀၀ ခုနှစ်တွင်မူ (၅ ပေ၁၀) လက်မ ရှိလာခဲ့ကာ အမျိုးသမီး များသည်လည်း (၅ ပေ ၃) လက်မမှ (၅ ပေ ၄) လက်မအထိ ရှိလာခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

သို့သော် ဆေးပညာ လေ့လာတွေ့ရှိမှုများအရ အရပ်ရှည်သူများသည် အရပ်ပုသူများနှင့် နှိုင်းယှဉ်လျှင် ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း သိရှိခဲ့ရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တွင် ဟန်းဒရစ် အရွယ်ကျုံ့သွားသော လူသားအမည်ဖြင့် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ကာ လူသားများ ပိုသေးသွားပါက ကမ္ဘာကြီး ပိုမိုနေလို့ထိုင်လို့ ကောင်းလာမည်ဟု ကြွေးကြော်ခဲ့သည်။

““ခရမ်းချဉ်သီး တစ်လုံးတည်းနဲ့ စွပ်ပြုတ်ချက်လို့ရမယ်။ ကြက်တစ်ကောင်တည်းနဲ့ လူတစ်ရာကို ကျွေးလို့ရမယ်”” ဟု ဟန်းဒရစ်ခ်စ်က ပြောဆိုခဲ့သည်။ ယင်းသို့ လုပ်ဆောင်ရန် လူသား၏ မျိုးဗီဇကို ပြောင်းလဲပစ်ရမည်ဟု ၎င်းက အကြံပြုသည်။ သိပ္ပံနည်းကျဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို အသာထားပြီး လူသေးသေးလေးတွေ၏ ဘ၀ကို စဉ်းစားကြည့်ရအောင်ဟု ဟန်းဒရစ်ခ်စ်က အကြံပြုသည်။

Source:DM

Credit: messenger


No comments:

Post a Comment