"ယူရို ၁၉ သန်းနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး ၀ယ်လိုက်တဲ့ Cristiano Ronaldo"
လက်ရှိ ရွှေဘောလုံးဆုပိုင်ရှင်၊ ရီးယဲလ်မက်ဒရစ်အသင်း ကြယ်ပွင့်ကစားသမား Cristiano Ronaldo ဟာ အလုပ်ကိစ္စတွေကြောင့် ဂျက်လေယာဉ်နဲ့ ကမ္ဘာအနှံ့ ခရီးနှင်နေရပြီး ယခုအခါ သူ့ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စီးကို ၀ယ်ယူလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ် Ronaldo ဟာ သူကမ္ဘာအနှံ့ မားကတ်တင်းဆင်းရာမှာ အဆင်ပြေစေဖို့အတွက် Gulfstream G200 အပေါ့စား ဂျက်လေယာဉ်တစ်စီးကို ယူရို ၁၉ သန်း ပေးချေကာ ၀ယ်ယူခဲ့တာ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
Ronaldo ဟာ ကစားကွင်းပြင်ပမှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတတ်သူ ဖြစ်ပြီး မကြာသေးခင်ကလည်း သူ့ဘ၀အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဖြန့်ချိခဲ့သလို၊ သူ့ကိုယ်ပိုင် ရှူးဖိနပ်အမှတ်တံဆိပ် CR7 Footwear ကိုလည်း ထုတ်ခဲ့ပါတယ်။
ပေါ်တူဂီသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ Ronaldo ဟာ အင်ဂျင်နှစ်လုံးတပ် ဂျက်လေယာဉ်ကို ၀ယ်ယူခဲ့ပြီး နောက်ဆုံးပေါ် ပစ္စည်းတွေ တပ်ဆင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလေယာဉ်ဟာ ခရီးသည် ရှစ်ယောက်ကနေ ဆယ်ယောက်အထိ တင်ဆောင်နိုင်ပြီး လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေအတွက် သီးခြားသန့်စင်ခန်းတွေ ပါဝင်ပါတယ်။ ဒီ့အပြင် အ၀တ်ဗီရိုတွေ၊ အင်တာနက်၊ တယ်လီဖုန်း၊ ဖက်စ်၊ မိုက်ခရိုဝေ့ဗ်မီးဖို၊ လျှပ်စစ် oven၊ ရေခဲသေတ္တာနဲ့ ဖျော်ဖြေမှုစနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ye wint
Credit: Trend Myanmar
Thursday, November 12, 2015
"ယူရို ၁၉ သန်းနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး ၀ယ်လိုက်တဲ့ Cristiano Ronaldo"
Labels:
နိုင်ငံတကာသတင်း
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment