Sunday, November 1, 2015

"ချစ်သူကို sorry မပြောကြေး"




"ချစ်သူကို sorry မပြောကြေး"

ကောင်လေးနဲ့ ကောင်မလေးက ငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့။ ရေကန်ဘေးမှာ ပုဇွန်တွေ အတူတူ သွားဖမ်းကြတယ်။ ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ၀မ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်။ မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါ နင်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။
ဖြူစင်လွန်းတဲ့ sorry။

ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးက အမြဲ လိုက်ချော့လိုက်နဲ့ သူတို့ ကြီးပြင်းလာကြတယ်။
ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက် ချော့လိုက်နဲ့……

ကောင်လေး အရမ်းကို ချစ်မိနေပြီ။ ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာ နေခွင့်ရအောင် ကောင်လေး ဖန်တီးခဲ့တယ်။ ကောင်လေး စက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်။ ဒါနဲ့ ကောင်လေးက “sorry ပါ ငါမှားပါတယ်” ကောင်မလေးက နောက်ဆို ဒီလိုမလုပ်ဖို့ ပြောတယ်။ ကောင်လေး ခေါင်းကလေးကိုငြိမ့်ပြီး သူတို့ရဲ့အပြုံးနဲ့ နေ့ရက်တွေကို ဖြတ်သန်းတယ်။
ပျော်ရွှင်ခြင်းရဲ့ sorry။

ကျောင်းလဲပြီး နှစ်ယောက်လုံးအလုပ်တွေရတော့ တွေ့ဖို့အချိန်တွေ နည်းလာတယ်။ ကောင်မလေးနဲ့ ပထမအကြိမ် ရန်ဖြစ်ကြတယ်။ ကောင်လေးက အလုပ်အတွက်လို့ပြောတော့
ကောင်မလေး အလျော့ပေးလိုက်တယ်။ ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့။ ကောင်မလေးရဲ့ မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ ကတိပေးခဲ့တဲ့ ကောင်လေးဟာ ကောင်မလေး စောင့်တာ မနက်ရောက်တော့ မျက်ရည်စက်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်။ မျက်ရည်စက်နဲ့ အိပ်မောနေတဲ့ ကောင်မလေးကို သူ အရမ်းသနားသွားတယ်။ “sorry ငါ့ကို လက်ထပ်ခွင့် ပေးပါလား”
ချိုမြန်တဲ့ တာဝန်ယူမှုရဲ့ sorry။

လက်ထက်ပြီးနောက် ကောင်လေး အလုပ်အကိုင်တွေ အရမ်းအောင်မြင်လာတယ်။ အမြဲတမ်း ဧည့်သည်တွေနဲ့ ညစာစားလိုက်နဲ့ အိမ်မှာပြင်ထားတဲ့ ထမင်းတွေကို သွန်ပစ်လိုက်ရတဲ့ အထိ။ ကောင်မလေး ဈေးကနေ ပုဇွန်းလေးတွေ ၀ယ်လာပြီး ငယ်စဉ်ကို အောက်မေ့ပြီး မွေးထားတယ်။ ဒီလိုနဲ့ ကောင်လေးပြန်လာရင် ရေမွေးနံ့တွေ ပါပါလာတယ်။ ကောင်မလေးမေးတာကို ကောင်လေးက “ဟာ ဧည့်သည်တွေများလို့ပါ” ကောင်မလေး အဲဒီကနေစပြီး စကား သိပ်မပြောတော့ဘူး။ အရင်တုန်းက ကောင်မလေး မဟုတ်တော့ဘူး။ ကိုးရီးယား ဇာတ်ကားတွေကို ကြည့်ရင်း ခံစားရင်း ငိုရင်းနဲ့။ ကောင်လေးပြန်လာရင်လဲ မမေးတော့ဘူး။ ဒါနဲ့ ကောင်လေးက “အလုပ်အရမ်းများတော့ ထမင်း သွားသွားစားနေရတယ် အလုပ်သဘောတွေပေါ့ sorryပါ”
လိမ်ညာခြင်းရဲ့ sorry။

ဒီလိုနဲ့ ကောင်လေးပြန်မလာတဲ့ညတွေ များလာတယ်။ အိမ်ပြင်မထွက် တစ်ယောက်ထဲ အထီးကျန်နေတယ်။ ကောင်လေးကို ဖုန်းဆက်မေးတော့ “sorry အလုပ် အရမ်းရှုပ်နေတယ်” ကောင်မလေး ဖုန်းချလိုက်ရတယ်။ ဒါနဲ့ ကောင်လေး ဘယ်အချိန်ပြန်လာမှာကို သူ ဖုန်းဆက်မမေးတော့ဘူး။
ဖုန်းကွယ်ခြင်းရဲ့ sorry။

ကောင်မလေး ရုပ်ရှင်ထဲကလို အလှတွေပြင်လာတယ်။ အော် ကောင်လေး သူ့အပေါ် ငြီးငွေ့နေတာများလားပေါ့။ သူ့ရဲ့ပျာ်ရွှင်မှုကို သူ ဖန်တီးယူမယ်။ ဒါနဲ့ သူ တစ်ခါမှမသွားဘူးတဲ့ ကောင်လေးရဲ့ ရုံးကို သွားခဲ့တယ်။ ကောင်လေးရဲ့ အောင်မြင်မှုတွေကို သူ တအံ့တသြနဲ့ ကြည့်ရင်း ကောင်လေးရုံးခန်းဆီကို သူ ဦးတည်သွားခဲ့တယ်။ ကောင်လေး အံ့သြသွားအောင် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ သူတွေ့တာတော့ ပုဇွန်တွေကို လာပေးတဲ့ အရင်က ကောင်လေးမဟုတ်ဘူး။ အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့ အသိတရားမရှိတော့တဲ့ လူကို သူ တွေ့တော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ အတော်ကြာမှ ကောင်လေး သတိထားမိသွားတယ်။ ကောင်မလေး ထွက်ပြေးသွားတယ်။ ကောင်လေးအရမ်းလန့်ပြီး ကောင်မလေးနောက် ပြေးလိုက်တယ်။ ကောင်လေး အော်နေတာကို မကြားနိုင်တော့ဘဲ ပြေးသွားတယ် “sorry ငါနင့်ကိုပဲချစ်တာပါ sorry ပါ”
နာကျင်မှုတွေပေးတဲ့ sorry။

ကောင်လေး ကောင်မလေးကို အဲဒီအချိန်ကနေစပြီး ရှာမတွေ့တော့ပါဘူး။ ကောင်လေးလဲ မစားနိုင်မသောက်နိုင် အလုပ်တွေမလုပ်နိုင် ဖြစ်ကုန်တယ်။ ဖုန်းကို ၂၄
ဖွင့်ထားပြီး ကောင်မလေးဆီက ဖုန်းလာတာကို မျှော်တာ နှစ်ဝက်ရှိသွားပြီ။ တရက်မှာ ကောင်လေး ဘူးတစ်ခု လက်ခံရရှိတယ်။ ဖွင့်ကြည့်လိုက်တော့ ပုဇွန်ပုံတွေကို မျိုးစုံပါပဲ။ ဘေးနားမှာ စာတစ်စောင်ကို တွေ့တယ်။ “ငါနင့်ကို တွေ့ဖို့ မ၀ံ့ရဲဘူး။ ငါဘက်က ပျော့ညံ့လွန်းတယ်။ ငါနင့်ကို
မတွေ့ချင်တာလဲ ဖြစ်နိုင်တယ်။ နင်ကတော့ ခါတိုင်းလိုပဲ ထင်တယ်။ နင်မရှိတဲ့နေ့ရက်တွေကို ငါ ဖြတ်သန်းနိုင်စွမ်း ရှိသွားပြီ။ ငါ ရပ်တည်နိုင်ပြီ။ နေ့တိုင်း နင်ပြန်လာမဲ့အချိန်ကိုစောင့်ရင်း
ဖြတ်သန်းနေရတဲ့ နေ့ရက်တွေကနေ ငါ လွတ်မြောက်လာခဲ့ပြီ။ ငါ ဖုန်းလဲမကိုင်တော့ဘူး။ နင့်အတွက်နဲ့ ငါ ဖုန်းမပိတ်ပဲ နင့်ဖုန်းကို မျှော်နေရတဲ့ညပေါင်းတွေ။ ခုတော့ ငါကိုယ်ကို
တန်ဖိုးထားတတ်သွားပြီ။ ငါ နင့်ကို မေ့သွားနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့နှလုံးသားကို ပြန်ဆက်လို့မရအောင် အစိတ်စိတ်အမွှာမွှာ ခွဲချေခဲ့တယ်။ ငါ့အချစ်တွေ ပြာကျသွားပြီ။ ကွာရှင်းစာချုပ်လဲ ထည့်ပေးလိုက်တယ်။ လက်မှတ်ထိုးပြီး ဒီလိပ်စာအတိုင်း ပြန်ပို့ပေးလိုက်ပါ။ "Sorry ငါ ပင်ပန်းသွားပြီ”
နိဂုံးချုပ်လိုက်တဲ့ sorry။

ကောင်လေး မျှော်လင့်ရင်း……
ကောင်မလေး အထီးကျန်ဖြတ်သန်းရင်း……

သင်တို့လဲ သင်တို့ အမှန်တကယ် မြတ်နိုးသင့်တဲ့သူကို တွေ့ပြီထင်တယ်။ မြတ်နိုးကြပါ။ Sorry ဆိုတဲ့ စကားတိုင်းက “ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားကိုလဲ ယူလို့ရတာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူကို ၀မ်းမနည်းစေပါနဲ့။ ဒါ နှစ်ဦးနှစ်ဘက်လုံး မကောင်းဘူး……

ချစ်သူကို sorry အလွယ်တကူမပြောမိစေဖို့ ရည်ရွယ်ပါတယ်……

Credit: Pote Pote

No comments:

Post a Comment