"အေးချမ်းချင်ရင် မချစ်နဲ့ ဘေးမသန်းချင်ရင် မမုန်းနဲ့"
နည်းနည်းချစ်ရင်
နည်းနည်းပူလောင်ရတယ်။
များများချစ်ရင်
များများပူလောင်ရတယ်။
လုံးဝ မချစ်ရင်
လုံးဝ မပူလောင်ရတော့ဘူး။
ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ
မချစ်လိုက်ပါနဲ့။
နည်းနည်းမုန်းရင်
နည်းနည်းဆင်းရဲရတယ်။
များများမုန်းရင်
များများဆင်းရဲရတယ်။
လုံးဝ မမုန်းရင်
လုံးဝ မဆင်းရဲရတော့ဘူး။
ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ
မမုန်းလိုက်ပါနဲ့။
No comments:
Post a Comment