"ယောက်ျားတွေအနေနဲ့ အမျိုးသမီးတွေကို ပြောဆိုဆက်ဆံရာမှာ ဒါမျိုးကို ရှောင်ကြဉ်ဖို့ လိုအပ်တာ"
အမှတ်မထင်ပဲဖြစ်ဖြစ်၊ သိသိသာသာပဲဖြစ်ဖြစ် ပြောချင်လွန်းလို့ ပြောလိုက်တဲ့ အမျိုးသားတွေရဲ့ စကားတွေထဲမှာ အမျိုးသမီးတွေအတွက် မခံသိမခံသာဖြစ်စေတဲ့ စကားတွေ ပါဝင်နေတတ်ပါတယ်။ ယောက်ျား၊ မိန်းမ ခွဲခြားဆက်ဆံတဲ့ စကားမျိုးတွေ၊ နှိမ့်ချပြောဆိုတာမျိုးတွေဟာ ခုလိုခေတ်ကြီးထဲမှာ မရှိသင့်တော့တာမို့ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ် မပြောသင့်တဲ့ စကားတွေက ဘာတွေဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ မိန်းမတွေက သိပ်ခံစားလွယ်လွန်းကြတယ် ဆိုတဲ့စကားမျိုး
ယောက်ျားတွေထဲမှာလည်း နုဖတ်ပြီး ခံစားတတ်လွန်းသူတွေ အများကြီးပါပဲ။ ခံစားလွယ်တာ၊ ခံစားတတ်တာဆိုရင် မိန်းမတွေပဲလို့ တရားသေ သတ်မှတ်လို့ မရဘူးလေ။
၂။ မိန်းကလေးဆိုတော့ ဘယ်လိုလုပ် ကားမောင်းတတ်ပါ့မလဲ ဆိုတာမျိုး
ဒါကလည်း အမျိုးသမီးတွေကို နှိမ့်ချလိုက်တာပါပဲ။ ကားမောင်းတတ်တဲ့ အမျိုးသမီးတွေ ယနေ့ခေတ်မှာ ပုံအောနေတာပါပဲ။ အမျိုးသမီးဖြစ်တာနဲ့ ကားမမောင်းတတ်တော့ဘူးလား။
၃။ မိန်းမတွေက နောက်ဆုံးတော့ ချမ်းသာတဲ့သူတွေနောက်ပဲ ပါသွားတာပါပဲ ဆိုတာမျိုး
မိန်းမတွေ ငွေမက်တယ်လို့ ပြောချင်တယ်ဆိုရင် ယောက်ျားတွေဆိုရင်ရောလို့ ပြန်မေးခွန်းထုတ်ရမှာပါ။ သိမ်းကြုံးပြီး ပြောနေလို့တော့ ဘယ်ဖြစ်မလဲနော်။
၎။ မိန်းမတွေက ဘာဖြစ်လို့ အဲ့ဒီလို ကလေကချေတွေဆို ကြိုက်ကြမှန်း မသိဘူးဆိုတာမျိုး
မိန်းမသားတွေဟာ အကောင်းအဆိုးတောင် မခွဲနိုင်တော့ဘူးလို့ ပြောချင်တာလား။ စဉ်းစားစရာပါ။
၅။ အလုပ်ထွက်ပြီး ယောက်ျားယူပေါ့ ပြီးရင် အိမ်မှုကိစ္စလုပ်ဖို့ စဉ်စားထားတယ်မလား ဆိုတာမျိုး
အမျိုးသမီးတွေက ယောက်ျားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စ လုပ်နေရမယ့်ခေတ် မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းရည်ကို ပြသရမယ့်အချိန်ပါ။
၆။ မင်းက တစ်ခြားမိန်းမတွေနဲ့ မတူဘူး မိုက်တယ်ဆိုတာမျိုး
ဒီစကားဟာ ကိုယ့်ကိုမြှောက်ပင့်ပေးလိုက်ပြီး အမျိုးသမီးထုတစ်ခုလုံးကို နှိမ့်ချလိုက်တဲ့ စကားပါ။
၇။ ဒီအသက်နဲ့ ဒီလောက်ကျန်တယ်ဆိုတော့ မဆိုးပါဘူးဆိုတာမျိုး
ဒီလိုစကားမျိုးဟာ လူတစ်ဖက်သားကို သက်သက်မဲ့ စော်ကားရာရောက်သလို နှမသားချင်း မစာမနာ ဝေဖန်ရာလည်း ရောက်နေပြန်ပါတယ်။
၈။ မိန်းမလို မိန်းမရနဲ့ ဆိုတာမျိုး
ဒါ မိန်းမတွေအားလုံးကို ယောက်ျားတွေထက် နှိမ့်ချပြောဆိုလိုက်တာပါ။ ယောက်ျားတွေထဲမှာလည်း ပါးစိပါးစပ် များတဲ့သူတွေ အများကြီးပါ။ ဒါ မိန်းမတွေမှ ဒီလိုဖြစ်တာမျိုးဆိုပြီး ပြောဆိုနေတာဟာ လုံးဝ မဖြစ်သင့်ပါဘူး။
ဟန်နီ
Credit: Trend Myanmar
Sunday, November 8, 2015
"ယောက်ျားတွေအနေနဲ့ အမျိုးသမီးတွေကို ပြောဆိုဆက်ဆံရာမှာ ဒါမျိုးကို ရှောင်ကြဉ်ဖို့ လိုအပ်တာ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment