"အမျိုးသားတွေလည်း ရိုမန်တစ်ဆန်ကြတယ်ဆို ဒီအချက် (၇) ချက်က ပြောပြပေးနိုင်"
အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် ရိုမန်တစ်ဆန်ဆန် မနေတတ်ကြသလို သူငယ်ချင်းတွေနဲ့ ဘီယာလေးသောက်၊ ဂိမ်းလေးကစားတာလောက်သာ စိတ်ဝင်စားကြတာလို့ ထင်ရင် အမှားကြီးမှားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ အမျိုးသမီးတွေနဲ့ မတူတဲ့နည်းလေးတွေနဲ့ ရိုမန်တစ်ဆန်စွာ ပြုမူ လုပ်ဆောင်နေကြလို့ပါပဲ။ ဒါကိုများသောအားဖြင့် သတိမထားမိတတ်ကြသလို သူတို့ကို သွေးအေးသတ္တ၀ါတွေသဖွယ် ထင်မြင် မှတ်ယူကြလေ့ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့ရိုမန်တစ်ဆန်ကြောင်း ပြောပြပေးနေသလဲဆိုတာ ကြည့်ရအောင်။
၁။ ကိုယ့်ချစ်သူကောင်မလေးကို ပွေ့ဖက်ပေးလေ့ရှိတယ်။ ပွေ့ဖက်ခြင်းကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ။
အမျိုးသားတွေဟာ ကိုယ့်ချစ်သူ ဘယ်အရာကို သဘောကျသလဲဆိုတာကို သိကြပါတယ်။ ဥပမာ နဖူးလေးကို ညင်သာစွာ နမ်းတာမျိုးလား၊ ကြင်နာစွာ ပွေ့ဖက်ထားတာမျိုးလား ဆိုတာတွေကိုပေါ့။ သူတို့ဟာ ဒါကို ပြုမူလုပ်ဆောင်ပေးလေ့ရှိပါတယ်။ ဒါကလည်း ရိုမန်တစ်ဆန်တဲ့ အပြုအမူပါပဲ။
၂။ကိုယ့်ချစ်သူကောင်မလေးရဲ့ အိတ်တွေကို သူတို့ ပင်ပန်းနေတဲ့အခါ ဒါမှမဟုတ် အရက်မူးနေတဲ့အခါ လွယ်ပေးကြတယ်။
အိတ်ကလေးကတော့ ကိုယ့်ဘာသာကိုယ် လွယ်နိုင်တယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအိတ်ကလေးကိုတောင် သူတို့တွေက လွယ်ပေး သယ်ပေးကြတာ ဘယ်လောက်ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုပါလဲ။
၃။ ကိုယ့်ချစ်သူအတွက် ကားတံခါးဖွင့်ပေးတာ၊ ကိုယ့်ချစ်သူကို လမ်းမဘေးမှာ မလျှောက်ခိုင်းပဲ ကိုယ်သာလျှောက်ပေးတတ်ကြတယ်။
ကားပေါ်တက်တော့မယ်ဆို ကိုယ့်ချစ်သူအတွက် ကားတံခါး ဖွင့်ပေးတာမျိုး အမျိုးသားတွေ လုပ်ပေးတတ်ကြသလို တက်စီစီးရင်တောင် ကိုယ့်ကောင်မလေးကို အရင် တက်ခိုင်းတတ်ကြပါတယ်။ ဒါ့အပြင် နှစ်ယောက်အတူ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ချိန် အမျိုးသားတွေဟာ လမ်းမဘေးနေရာကို ယူတတ်ကြပြီး သူတို့ဘေးကမှသာ ကိုယ့်ချစ်သူ ကောင်မလေးကို လျှောက်ခိုင်းတတ်ပါတယ်။ ဒါဟာ အန္တရာယ်များတဲ့ဘက်မှာ သူတို့နေပေးပြီး တစ်ခုခုဆို သူတို့ အရင်ခံပေးမယ်ဆိုတဲ့ သဘောမို့ ရိုမန်တစ်လည်းဆန် ချစ်စရာလည်း ကောင်းပါတယ်နော်။
၎။ ချစ်သူရဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့လည်း သူတို့ ချစ်ချစ် မချစ်ချစ် အတူတူရှိပေးကြတာပဲ။
ကောင်မလေး ရှော့ပင်သွားတဲ့အခါ သူ့ရဲ့ခွေးလေးကို ခေါ်လာမယ်ဆိုပါစို့။ ကောင်လေးက ကောင်မလေး အ၀တ်အစားရွေးနေတုန်း ခွေးလေးကို လူကြားထဲ ထိန်းပေးထားရတာပဲလေ။ သူတို့က ဒါမျိုးတွေ လုပ်လေ့လုပ်ထမရှိပေမယ့် ကိုယ့်ကောင်မလေးအတွက် လုပ်ဆောင်ပေးခြင်းဟာ ကျေးဇူးတင်စရာပါ။
၅။ ကိုယ့်ကောင်မလေး သိက္ခာအတွက် အမြဲ ကာကွယ်ပေးတတ်တယ်။
ဒီအချက်ဟာ ရှေးခေတ်ကတည်းက ခုချိန်ထိ အမျိုးသားတွေ ကိုယ့်ချစ်သူအတွက် လုပ်ပေးလေ့ရှိတဲ့ အရာတစ်ခုပါ။ ကိုယ့်ကောင်မလေးကို မထိတထိ စနောက်တာမျိုးတောင် ခံလေ့မရှိကြပဲ ထိုးရကြိတ်ရတဲ့ ဇာတ်လမ်းတွေထိ ရှိရင်တောင် သူတို့တွေက မဖြုံပါဘူး။
၆။ ကိုယ့်ကောင်မလေးအတွက် အံ့သြဖွယ် လက်ဆောင်လေးတွေ ပေးရင်း ရိုမန်တစ်ဆန်ဆန် ပြုမူတတ်ကြပြန်တယ်။
သင့်အတွက် အမှတ်တရဖြစ်စေမယ့် နေ့လေးတွေမှာ လက်ဆောင်လေးတွေ ၀ယ်ပေးရုံသာမက၊ သင် ကိုယ်လက်မအီမသာ ဖြစ်တဲ့အခါ ဘယ်လိုအရာမျိုးတွေ စားချင်လဲဆိုတာ သူတို့ သိပြီးသားမို့ အိမ်အရောက် လာပို့ပေးတတ်တာမျိုး၊ သင့်အတွက် အရေးကြီးတဲ့ နေ့တစ်နေ့မှာ မနက်အစောကြီး သင့်ဆီရောက်လာပြီး အတူရှိပေးတာမျိုး စတဲ့အရာတွေက သူတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေပါပဲ။
၇။ သင့်အတွက် ခေါက်ဆွဲပြုတ်ပေးမယ်၊ မနက်စာဝင်ချက်ပေးမယ်။
သင်နဲ့အတူ ရှိချိန်မှာ သင်ဗိုက်ဆာရင် သူကိုယ်တိုင် ခေါက်ဆွဲပြုတ်ပေးမယ်၊ ကော်ဖီဖျော်ပေးမယ်၊ မနက်စာ ပြင်ဆင်ပေးမယ်ဆိုရင်လည်း ဒါဟာ သင့်ချစ်သူရဲ့ ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေလို့ မှတ်လိုက်ပါ။
မေသော်
Credit: Trend Myanmar
Wednesday, November 11, 2015
"အမျိုးသားတွေလည်း ရိုမန်တစ်ဆန်ကြတယ်ဆို ဒီအချက် (၇) ချက်က ပြောပြပေးနိုင်"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment