"နားလည်မှု"
ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။ ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့် ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။ သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို
ခွင့်လွတ်နားလည်ပေးပါ။ တကယ်တော့ သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား? တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။ တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။ တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား အပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့ ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။
သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ? ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။ စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။ သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။ ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။ သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့် ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ် လျှစ်လျှူရှူမိတတ်တယ်။ လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။ အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။ အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။ အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။ တကယ်တော့ လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။
ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။ ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။ စိတ်ဆိုးချိန်မှာ သူ (သူမ) ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။ မကျေနပ်ချိန်မှာ သူ (သူမ) ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။ အေးစက်ချိန်မှာ သူ (သူမ) ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။ ပေးဆပ်ခြင်းကို နှစ်ယောက်စလုံး နားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။ နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။ လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့………။
Credit: Pote Pote
No comments:
Post a Comment