Wednesday, November 25, 2015

"စိတ်တို၊ ဒေါသထွက်ခြင်းကို မိနစ်ပိုင်းအတွင်းမှာ ပြန်လည်တည်ငြိမ်သွားအောင် ဒီနည်းလေးတွေက ကူညီပေးနိုင်"

"စိတ်တို၊ ဒေါသထွက်ခြင်းကို မိနစ်ပိုင်းအတွင်းမှာ ပြန်လည်တည်ငြိမ်သွားအောင် ဒီနည်းလေးတွေက ကူညီပေးနိုင်"

စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တဲ့ ကိုကိုမမတွေအတွက် ကိုယ့်ဒေါသမီးကို မိနစ်ပိုင်းအတွင်း အမြန်ဆုံးငြိမ်းသတ်နိုင်အောင်၊ စိတ်ကို ပြန်လည်တည်ငြိမ်လာအောင် လုပ်ဆောင်နိုင်မယ့် နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ကိုယ်ဒေါသထွက်တဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲဆိုတာ မသိတဲ့အတွက် အဆင်ပြေအောင် အချက်လေးတွေ ဖြည့်စွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ ဒေါသထွက်ပြီး ဒါကို အမြန်ဆုံး ပြေသွားစေချင်တယ်ဆိုရင်

၁။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်ကို လမ်းပတ်လျှောက်လိုက်ပါ။

၂။ အသက်ကို ၀အောင်ရှုပြီး ၀င်လေ၊ ထွက်လေ မှတ်ပါ။ အသက်ကို ပြင်းပြင်းရှု၊ ပြင်းပြင်းထုတ်တာမျိုး လုပ်ပါ။

၃။ သင့်စိတ်ကို ငြိမ်းချမ်းစေတတ်တဲ့ သီချင်းမျိုး ရှိရင် အဲ့ဒီသီချင်းကို နားထောင်လိုက်ပါ။

၎။ ဟိုနား ဒီနား ပြေးပြေးလွှားလွှားလေး လုပ်လိုက်ပါ။

၅။ ထိုင် ထ ၁၀ ခါလောက် လုပ်လိုက်ပါ။

၆။ ဆယ်ခါလောက် ခုန်ပေးပါ။

၇။ သုံးမိနစ်လောက် တရားထိုင်လိုက်ပါ။

၈။ ရေနွေးကြမ်း သောက်ပေးပါ။

၉။ အနီးအနားမှာ ပန်းဆိုင်တစ်ခုခု ရှိရင် အဲ့ဆိုင်လေးကိုသွားပြီး ပန်းရနံ့ (နှင်းဆီ) ကို ရှုရှိုက်လိုက်ပါ။

၁၀။ သင် အမြဲတမ်း အမှတ်တရဖြစ်နေတဲ့ အရာတွေကို တွေးပါ။ ဒီ့ထက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ဦးမယ်လို့ တွေးပါ။

၁၁။ အဆောက်အဦးတစ်ခုထဲမှာဆိုရင် အပြင်ထွက်ပြီး လေရှုရှိုက်လိုက်ပါ။ အသက်ကို သေချာရှုသွင်း၊ ရှုထုတ်လုပ်လိုက်ပါ။

၁၂။ မိနစ် ၂၀ လောက်ဖြစ်ဖြစ် အိပ်လိုက်ပါ။

၁၃။ သင့်သူငယ်ချင်းကို ၅ မိနစ်စာလောက် ဖုန်းခေါ်ပြီး ရင်ဖွင့်လိုက်ပါ။

၁၄။ မြက်ခင်းပြင်တစ်ခုခု ရှိတယ်ဆိုရင် အဲ့ဒီမြက်ခင်းပြင်ပေါ် လှဲချလိုက်ပြီး မျက်လုံးမှိတ် အသက်ဝအောင် ရှုပါ။

၁၅။ သင်အကြိုက်ဆုံး ကော်ဖီတစ်ခွက်ကို မှာသောက်ရင်သောက်၊ မသောက်ရင် သွားသောက်လိုက်ပါ။

ဟန်နီ

Credit: Trend Myanmar


No comments:

Post a Comment