Monday, November 2, 2015

"နှလုံးသား ပုဒ်မ"


"နှလုံးသား ပုဒ်မ"

မေတ္တာတံခါး ပိတ်၍ထားသည်
စိမ်းကားတတ်သူ မ၀င်ရ……။

သစ္စာတံခါး ဂျက်ထိုးထားသည်
လှည့်စားတတ်သူ မ၀င်ရ……။

အကြင်နာ တံခါး သော့ခတ်ထားသည်
ဂရုဏာမဲ့သူ မ၀င်ရ……။

နှလုံးသားတံခါး ချိတ်ပိတ်ထားသည်
မုန်းစကားတတ်သူ မ၀င်ရ……။

စိမ်းကား၊ လှည့်စား၊ ရက်စက်တတ်သူများ တံခါးခေါက်ရန် မကြံလေနှင့်……။

နှလုံးသားပုဒ်မ ထုတ်၍ထားသည်
သစ္စာမဲ့သူ သတိပြု……။

Credit: Pote Pote

No comments:

Post a Comment