Friday, November 20, 2015

"လက်ထပ်ခွင့်ရဖို့ တင်တောင်းနိုင်ခြင်းမရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေ"

"လက်ထပ်ခွင့်ရဖို့ တင်တောင်းနိုင်ခြင်းမရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေ"

အာရှနိုင်ငံများတွင် အမျိုးသားက အမျိုးသမီးကို လက်ထပ်ပါက တင်တောင်းရသည့် ဓလေ့ထုံးစံသည် ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံတွင် ယင်းအစဉ်အလာသည် ရှေးနှစ်ပေါင်း များစွာကတည်းက ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် အမျိုးသားတစ်ဦးသည် လက်ထပ်ခွင့်ရရန် အမျိုးသမီးဘက်မှ မိဘဆွေမျိုးများကို တင်တောင်းနိုင်ခြင်း မရှိသောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ ယင်းသတင်းသည် တရုတ်နိုင်ငံတွင် ထင်ရှားသည့် သတင်းဖြစ်ခဲ့ပြီး တရုတ်လူငယ်တွေကတော့ လက်ထပ်ရာ၌ တင်တောင်းခြင်းသည် မရှိသင့်တော့ကြောင်း၊ လက်ထပ်ခွင့်ရရေး ဓားပြတိုက်ရမည့် အခြေအနေ ဖြစ်နေကြောင်း လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြသည်။ တရုတ်နိုင်ငံ၏ အစဉ်အလာအရ အမျိုးသားအနေဖြင့် အမျိုးသမီးတစ်ဦးကို လက်ထပ်ခွင့် ရလိုပါက တင်တောင်းသည့် အနေဖြင့် လက်ဆောင်ပစ္စည်းများ ပေးရမည်ဖြစ်သည်။ အမျိုးသမီးသည် လက်ထပ်ပြီးသည့်အခါ အမျိုးသားဖြစ်သူနှင့် သွားရောက်နေထိုင်ရပြီး အမျိုးသားဘက်က မိဘများကို ပြုစုရမည် ဖြစ်သောကြောင့် လက်ဆောင်ပစ္စည်းများ တောင်းခဲ့ခြင်း ဖြစ်သည်။ Xiaoiei သည် သူ၏ချစ်သူနှင့် ပြီးခဲ့သည့်နှစ်တွင် စေ့စပ်ခဲ့သော်လည်း တင်တောင်းကြေးအဖြစ် တရုတ်သုံးငွေ ယွမ် (၃၀၀၀၀) တန်ဖိုးရှိ လက်ဆောင်များကို ၀ယ်ယူနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တိုက်မှ ခုန်ကျ သတ်သေခဲ့သည်။ ယင်းဖြစ်ရပ်အတွက် Xiaoiei ၏ မိဘများက အမျိုးသမီးဘက်မှ ဆွေမျိုးများကို ဝေဖန်ခဲ့ကြသည်။ လက်ထပ်နိုင်ရေး တင်တောင်းသည့် ယဉ်ကျေးမှု မရှိသင့်တော့ကြောင်း တရုတ်လူငယ်တွေက လူမူကွန်ရက်များတွင် ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Credit: messenger


No comments:

Post a Comment