"မေမေ"
ကျွန်တော့ "မေမေ" ပိုက်ဆံမချမ်းသာပါဘူး။ ဒါပေမယ့် သားသမီးတွေကိုတော့ စိတ်ချမ်းသာအောင် ထားပေးနိုင်ခဲ့တယ်။
ကျွန်တော့ "မေမေ" ပညာလည်းမတတ် ဘွဲ့လည်းမရပါဘူး။ ဒါပေမယ့် သားသမီးတွေကိုတော့ ပညာတတ်တစ်ယောက် ဖြစ်အောင် ကျွေးမွေးပြုစုနိုင်ခဲ့တယ်။
ကျွန်တော့ "မေမေ" ရုပ်ရည်မလှပါဘူး။ ဒါပေမယ့် သားသမီးတွေကို စိတ်ဓါတ်လှအောင် ထိန်းကျောင်းပေးနိုင်ခဲ့တယ်။
ကျွန်တော့ "မေမေ" အားလုံးနဲ့ယှဉ်ရင် အနိုင့်ထက်စီး ဆက်ဆံခြင်း ခံရပါတယ်။ ဒါပေမယ့် သားသမီးတွေကိုတော့ ဘယ်တော့မှ သူများကို အောက်မကျို့စေခဲ့ဘူး။
ကျွန်တော့ "မေမေ" ဆင်းရဲလို့ အစားအသောက်ချို့တဲ့ ကိုယ်ခန္ဓာက ပိန်လှီနေပေမယ့် သားသမီးတွေအတွက်ဆို ကျားရဲတစ်ကောင်လို သန်မာစွာနဲ့ အရှေ့က မားမားမတ်မတ်ရပ်တည်ရင်း အန္တရာယ်တွေကို ရင်ဆိုင်ပေးခဲ့တယ်။
Credit: Hnin Nandar
Saturday, November 28, 2015
"မေမေ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment