"အချစ်ဆိုသည်မှာ"
အချစ်ဆိုတာ ရှင်းပြစရာမလိုပေမဲ့ သက်သပြစရာလိုတဲ့ ခံစားချက်တမျိုးပါပဲ…။
ဘယ်လောက်ချစ်တယ်လို့ ဖွင့်ဟ ပြောနေခြင်းထက် ဘာတွေလုပ်ပေးနိုင်လဲ လုပ်ပြရတဲ့ ခံစားချက်တမျိုးဖြစ်တယ်…။
ဘယ်လောက်သတိရတယ် ပြောနေခြင်းထက်
သူမကြိုက်တဲ့ အရာတွေကိုမလုပ်ပဲ သူ့ကို ချစ်ပြရခြင်းဖြစ်တယ်…။
ဘယ်လောက်လွမ်းတယ်ဆိုတာ ပြောနေရခြင်းထက် သူ့ကွယ်ရာမှာ သူ့ကို သစ္စာရှိစွာ ချစ်ပြရခြင်းဖြစ်တယ်…။
ဘယ်လောက်ဂရုစိုက်ကြောင်း ပြောနေရခြင်းထက် သူ ဂရုစိုက်တဲ့အရာတွေကို မှတ်သားထားရခြင်းဖြစ်တယ်…။
ဘယ်သူတွေထက် သူ့ကိုပိုချစ်တယ် ပြောနေရခြင်းထက် သူကလွဲပြီး စိတ်ထဲကို ဘယ်သူ့မှ ထည့်မထားရခြင်းဖြစ်တယ်…။
ဘယ်သွားသွား သူ့အကြောင်းတွေးနေပါတယ် ပြောနေရခြင်းထက် သွားတဲ့အခါ သူမှာတတ်တဲ့ အကြောင်းအရာတွေကို ဂရုတစိုက် လုပ်ဆောင်ပြရခြင်းဖြစ်တယ်…။
အချစ်ဆိုတာ ရှင်းပြစရာမလိုပါဘူး ဒါပေမဲ့ သက်သေပြစရာတော့လိုတယ်။ ပါးစပ်က တတွတ်တွတ် ချစ်ပြနေရခြင်းထက် လက်တွေ့ချစ်ပြမှ အချစ်ဆိုတာ အမည်မြောက်တဲ့ ခံစားချက်တမျိုးပါပဲ…။
Credit: ကိုမျိုး (မိုးညှင်း)
Wednesday, November 4, 2015
"အချစ်ဆိုသည်မှာ"
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment