
Lutaw Lupyaw
"အမျိုးသားများ ကျန်းမာရေးကောင်းရန် ညဘက် အပြင်ထွက်သင့်"
အပေါင်းအသင်းတွေနဲ့ ညဘက် အပြင်ထွက်တဲ့ အမျိုးသားတွေက စိတ်ဖိစီးမှုတွေ ပိုပြီး လျော့ကျနိုင်ခြေ ရှိတယ်လို့ ဂျာမနီသုတေသန ရလဒ်က အတည်ပြုပါတယ်။
အိမ်ထောင်ရှင် အမျိုးသမီးတွေ ကြားချင်ကြမှာမဟုတ်တဲ့ သုတေသန စစ်တမ်းတစ်ခု ရလဒ်ကို ဂျာမနီက သုတေသီတွေ ဖော်ထုတ်လိုက်ပါတယ်။ ညဘက် အပေါင်းအသင်းတွေနဲ့ အပြင်လျှောက်လည်တက်တဲ့ အလေ့အကျင့်ဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ပိုလို့ကောင်းမွန်စေကြောင်း အဆိုပါ သုတေသနရလဒ်က ဖော်ပြပါတယ်။
လေ့လာမှုအရ အမျိုးသားအများစုဟာ အပေါင်းအသင်းတွေနဲ့ ညဘက် လျှောက်လည်တဲ့အခါ စိုးရိမ်ပူပန်မှုတွေ ကျဆင်းသွားလေ့ရှိတာကို တွေ့ရပါတယ်။ အမျိုးသားတွေရဲ့ စိတ်အတွင်းမှာရှိနေတဲ့ ဖိအားတွေလည်း လျော့ကျသွားလေ့ရှိပါတယ်။ ဒီလော့လာမှုကို ဂျာမနီဂေါ့တင်ဂျန် တက္ကသိုလ်က မျောက်ဝံထီးတွေနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ လူသားမျိုးနွယ်နဲ့ အနီးစပ်ဆုံး မျောက်ဝံ (ထီး) တွေကလည်း ညဘက်မှာ မိသားစုနဲ့မဟုတ်ပဲ အပေါင်းအသင်းနဲ့ နေထိုင်ရတာကို နှစ်သက်လေ့ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားတွေက ချစ်သူသို့မဟုတ် မိသားစုနဲ့ ရှိနေတဲ့အခါ စိတ်ဖိစီးမှု ဟော်မုန်းတွေ များနေလေ့ရှိပြီး အပေါင်းအသင်းတွေနဲ့ တွေ့ရတဲ့အခါ အဲဒီဖိစီးမှု ဟော်မုန်းဓာတ်တွေ လျော့ကျသွားလေ့ရှိပါတယ်။
Source: Metro
Credit: duwun

Monday, February 1, 2016
"အမျိုးသားများ ကျန်းမာရေးကောင်းရန် ညဘက် အပြင်ထွက်သင့်"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment