Monday, March 23, 2015

"နှုတ်ခ​မ်း​ အသား​ပ⁠ပ်ြ​ခ​င်း​အတွ​က် ရိုး​ရှ​င်း​လွယ်ကူေ​သာ အိမ်တွ​င်း​ ကု​ထုံးေ​လးများ"

"နှုတ်ခ​မ်း​ အသား​ပ⁠ပ်ြ​ခ​င်း​အတွ​က် ရိုး​ရှ​င်း​လွယ်ကူေ​သာ အိမ်တွ​င်း​ ကု​ထုံးေ​လးများ"

ရာသီဥတုပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ် များသူတွေမှာ သိသိသာသာ နှုတ်ခမ်း အသားပပ်လေ့ ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်း အသားပပ်တဲ့ ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှု မရှိနိုင်တော့ပါဘူး။

သို့သော် စိတ်မပူပါနှင့်။ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိအတိုင်း စိုအိချောမွေ့စေနိုင်မှာ ဖြစ်ပါသည်။

(၁) ရေပိုသောက်ပါ။ (လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။)

(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။

(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင် B2၊ ဗီတာမင် C ၊ ဗီတာမင် E ၊ ငါးကြီးဆီဆေးလုံးများ မှီဝဲပါ။

(၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။

(၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ၍သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ်ခွက်၊ ဒန်ခွက်၊ စတီးလ်ဇွန်းတို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမိုဆိုးရွားလာစေပါလိမ့်မယ်။)

(၆) အသားလှဆီ (သို့မဟုတ်) သကြားရည် (သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ နှင်းဆီရည် (ခေါ်) rose water ကိုအလှကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)

(၇) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီလိမ်းပေးပါ။

(၈) ဗီတာမင်အီး အဆီဆေးလုံးဖောက်၍ လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို အလှကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)

(၉) ပျားရည် (သို့မဟုတ်) ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။

(၁၀) နွားနို့ကရင်မင် လိမ်းပေးပါ။

(၁၁) နေမထိပါစေနှင့်။

(၁၂) လေစိမ်းတိုက်မခံပါနှင့်။

(၁၃) မကြာခဏ တံတွေးဆွတ်ခြင်းကလည်း နှုတ်ခမ်းသားခြောက်သွေ့ခြင်းကို ပိုမိုဆိုးရွား လာစေနိုင်ပါတယ်။

(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင်နှုတ်ခမ်းဆိုးဆေး လုံးဝ မသုံးသင့်ပါဘူး။ (သက်တမ်းကြာ ဆိုးဆေးများနှင့် ကာဗွန်ရင့်တွေက ဝေဒနာကို ပိုမိုဆိုးရွားလာစေနိုင်လို့ အထူးသတိပြုပါ။)

(၁၅) ဝေဒနာမပျောက်ခင်မှာ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေး အဆီကိုသာ ရွေးချယ်ပေးပါ။

(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်းမျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန်လာနိုင်တဲ့အပြင် အသားစစိုက်ပြီး သွေးထွက်တတ်ပါတယ်။

(၁၇) အရေပြားဆဲလ်တွေသေခြင်းကြောင့် နှုတ်ခမ်းသားတွေ အဖတ်လန်လာရပါတယ်။ နောက်ထပ် ဆဲလ်တွေ မသေနိုင်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေး ပွတ်တိုက်ပေးပါ။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ ……

Written by တင်ထက်ထက်ဇော်

ကြေးမုံသတင်းစာ
ဖေဖော်ဝါရီလ (၂၆) ရက်၊ ၂၀၁၅ ခုနှစ်



lutawlupyaw

No comments:

Post a Comment