"အသက်ကြီးလာလေ ဦးနှောက်စွမ်းရည် ပိုမြင့်လာလေ"
ဝိုင်အရက်သည် အရည်အသွေးကောင်းလာဖို့ နှစ်ပေါင်းများစွာ အချိန်ယူရသည့် နည်းတူ လူ့ဦးနှောက် အချို့သော အစိတ်အပိုင်းများသည်လည်း အမြင့်ဆုံးစွမ်းဆောင်ရည် ရှိလာဖို့ ဆယ်စုနှစ်များနဲ့ချီပြီး အချိန်ယူရကြောင်း ပညာရှင်များက ပြောသည်။
နှစ်ဆယ်အရွယ်တွင် ဦးနှောက် အဖွံ့ဖြိုးဆုံးဟု ဆိုကြသော်လည်း လက်တွေ့တွင် တချို့သော အစိတ်အပိုင်းများသည် အသက်ကြီးရင့်ချိန် မတိုင်ခင်အထိ ဦးနှောက် အပြည့်အ၀ ဖွံ့ဖြိုးမှု မရှိသေးကြောင်း သိရသည်။
တခြားသူများ၏ စိတ်ခံစားမှုကို ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်ဖွံ့ဖြိုးမှုမှာ အသက် (၄၀) နှင့် (၅၀) ခန့်တွင်မှ ဖွံ့ဖြိုးကြောင်း သိရသည်။
အသက် (၁၈) နှစ်နှင့် (၁၉) နှစ် အရွယ်တွင် သတင်းအချက်အလက်များ စီမံဆောင်ရွက်နိုင်စွမ်းရည် အမြင့်ဆုံးဖြစ်ပြီး အသက် (၂၅) နှစ် အရွယ်တွင် ရေတိုမှတ်ဉာဏ်စွမ်းရည် အမြင့်မားဆုံး အခြေအနေကို ရောက်သည်။ အသက် (၃၀) အရွယ်တွင် မျက်နှာ မှတ်မိနိုင်စွမ်း အမြင့်ဆုံး ရောက်ရှိပြီး အသက် (၃၅) တွင် ရေတိုမှတ်ဉာဏ် ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
အသက် (၄၀) နှင့် (၅၀) ကြားတွင် စိတ်ခံစားချက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်း အမြင့်မားဆုံးဖြစ်ကာ အသက် (၆၀) တွင် စကားလုံးသစ်များကို လေ့လာနိုင်စွမ်း ရှိနေဆဲဖြစ်ပြီး (၆၀) အသက် (၇၀) နှင့် (၇၀) အထက် ကာလတွင် ကျိုးကြောင်းဆက်စပ် ဆင်ခြင်နိုင်စွမ်းရည်မှာ အပြတ်သားဆုံး အမြင့်ဆုံးကို ရောက်ရှိကြောင်း သိရသည်။
မတူညီသော စွမ်းရည်အမျိုးမျိုးက အသက်အရွယ် အမျိုးမျိုးတွင် ဖွံ့ဖြိုးလာပြီး တချို့သော စွမ်းရည်များသည် အသက် (၄၀) တွင် တန့်သွားကြောင်း သိရသည်။
လေ့လာမှု သုတေသနကို မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ဦးနှောက်စွမ်းရည် သိပ္ပံဌာနမှ ပါမောက္ခ ဟိုရှာဟာရွမ်နှင့် အဖွဲ့က ပြုလုပ်ကာ Psychological Science ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: Daily Mail
The Messenger
lutawlupyaw
No comments:
Post a Comment