"ပြိုင်တူဆွဲလျှင် ကျွတ်နိုင်ပါသည်"
အစာရေစာ ငတ်မွတ်လာတဲ့ တစ်ဒင်္ဂမှာ ဘာကိုမှ မစူးစမ်းမဆင်ခြင်တတ်တဲ့ သဘာဝကြောင့် တစ်ပူက နှစ်ပူ၊ တစ်ဒုက္ခကနေ နှစ်ဒုက္ခဖြစ်သွားတဲ့ သနားစရာ သားပိုက်ကောင်လေးရဲ့အဖြစ်ပါ။ ရယ်စရာတစ်ခုလို့ ခံစားမိသော်လည်း တစ်ဖက်က သနားစရာ တစ်ခုဖြစ်လို့ ကိုယ်ချင်းစာ တွေးထင်မိပါတယ်။
သြစတြေးလျှတောင်ပိုင်း၊ ကွန်ဖင်းဘေလ် အနီးမှာ ကျက်စားနေတဲ့ သားပိုက်ကောင် တစ်ကောင်က တောနေရာအနှံ့မှာ လှည့်လည်ကျက်စားလျှက်ရှိရာ တစ်ခုသောနေရာ အရောက်မှာ ရေငတ်လာခြင်းကြောင့် ရေရရှိသောက်သုံးနိုင်ရန် အလို့ငှာ ပန်းပင်ရေလောင်းခရားချိုင့် တစ်ခု အပေါက်ထဲကို နှုတ်သီးဖြင့် ထိုးဝင်စွတ်လိုက်ချိန်မှာ နှုတ်သီးနှင့် ရေခရားနှုတ်ခမ်းအဝတို့ ညပ်ပြီး ဦးခေါင်းတစ်ခုလုံး ဝင်နေသွားခဲ့တာပဲဖြစ်ပါတယ်။
ထို့အတွက် ယင်းသားပိုက်ကောင်က အကြိမ်ကြိမ်အခါခါ ရုန်းကန်ဆွဲထုတ်သော်လည်းပဲ လည်ပင်း၊ ဦးခေါင်းတို့က တဖြည်းဖြည်းပိုကျပ်လာပြီး အခက်တွေ့လာတာကို တွေ့ရပါတယ်။ ယင်းသို့ အသက်အန္တရာယ်နှင့် နီးစပ်လာကာ အခက်အခဲဖြစ်နေတဲ့ အခြေအနေကို သစ်တောစပ်အနီး အမျိုးသားနှစ်ဦးက မြင်တွေ့ခဲ့တဲ့နောက်မှာမှ ကြိုးအကူတို့ ယူဆောင်ကာ သားပိုက်ကောင်လေးရဲ့ အခက်အခဲကို အခုလိုပဲ ကူညီကြတာကို တွေ့ရပါတယ်။
တစ်ဖက်က ရေခရားခေါင်းရဲ့နှုတ်သီးမှာ ကြိုးချည်၊ တစ်ဖက်က သားပိုက်ကောင်ရဲ့ အမြှီးကိုဆွဲနဲ့ ဟိုဘက်သည်ဘက် လူနှစ်ဦး အားကုန်သုံး၍ ဆွဲထုတ်နေကြပါတယ်။ ထိုသို့ လူနှစ်ဦးနဲ့ သားပိုက်ကောင်တို့ နေပူမှာ အကြိမ်ကြိမ် အားကုန်သုံး ကြိုးစားပြီးတဲ့နောက်မှာတော့ ကြိုးစားမှုကို အသိမှတ်ပြုတဲ့အနေနဲ့ ကံကောင်းထောက်မစွာပဲ သားပိုက်ကောင်လေးရဲ့ ဦးခေါင်း ရေခရားနှုတ်ခမ်းအဝမှ ကျွတ်လွတ်ကာ အဆင်ပြေသွားခဲ့ ပါတော့တယ်။
Credit: ဖိုးသူတော်
lutawlupyaw
No comments:
Post a Comment