Tuesday, March 24, 2015

"ရောင်စုံမီးတွေနဲ့ တစ်မိုင်ကျော် ရှည်လျားတဲ့ ညဈေးတန်း"

"ရောင်စုံမီးတွေနဲ့ တစ်မိုင်ကျော် ရှည်လျားတဲ့ ညဈေးတန်း"

တရုတ်နိုင်ငံမှာရှိတဲ့ ညဈေးတန်းကြီးဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီညဈေးတန်းကြီးဟာ မီးရောင်စုံတွေနဲ့ လှပနေပြီး တစ်မိုင်ကျော်အထိ ရှည်လျားတာမို့ ဒေသခံတွေအပြင် ကမ္ဘာလှည့် ခရီးသွားတွေပါ တကူးတက လာရောက် ကြည့်ရှုနေကြခြင်း ဖြစ်ပါတယ်။

ဒီညဈေးတန်းဟာ Liaoling အရပ် ဒေသမှာရှိတဲ့ ရှန်ယန်းမြို့မှာ တည်ရှိပါတယ်။ ဒီညဈေးတန်းဟာ အာရှတိုက်ရဲ့ ထင်ရှားတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒီညဈေးတန်းမှာ အစားအသောက် မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ ပူနွေးတဲ့ အစားအစာတွေကိုလည်း လတ်ဆတ်စွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ ရိုးရာ အ၀တ်အစားတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီညဈေးတန်းမှာ ဈေးရောင်းသူအချို့ဟာ လှပတဲ့ ရောင်စုံမီးတွေ အောက်မှာ ရိုးရာ အ၀တ်အစားတွေ ၀တ်ဆင်ထားတာမို့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် အမြင်တစ်မျိုး ဆန်းစေခဲ့ပါတယ်။ ရှန်ယန်းညဈေးတန်းဟာ ၀ူအန်းဈေးနဲ့ ဆက်စပ်ပြီး တည်ရှိနေတာ ဖြစ်ပါတယ်။ ၀ူအန်းဈေးဟာ (၁၉၈၃) မှာ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အ၀တ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ အလှကုန် ပစ္စည်းတွေ၊ နောက်ဖေး မီးဖိုချောင်ပစ္စည်းတွေကို  အဓိက ရောင်းချပေးနေတဲ့ ဈေးကြီးလည်း ဖြစ်ပါတယ်။

ဒီဈေးနဲ့ပတ်သက်ပြီး ရောင်းဝယ် ဖောက်ကားသူတွေဟာ တစ်နှစ်ကို ဒေါ်လာ သန်း (၃၀) လောက် အကျိုးအမြတ် ရရှိနေတယ်လို့ ဆိုထားပါတယ်။ ရှန်ယန်းညဈေးတန်းဟာ လာရောက် သူတွေကို အမြင်တစ်မျိုး ဆန်းစေတာမို့ အမြဲတမ်း စည်ကားလေ့ ရှိနေတယ်လို့ သိရပါတယ်။

Credit : messenger



lutawlupyaw

No comments:

Post a Comment