Monday, March 23, 2015

"နေ့ခင်းနေ့ဘက် ၄၅ မိနစ်တာ အိပ်စက်ခြင်းက မှတ်ဥာဏ်အတွက်ကောင်း"

"နေ့ခင်းနေ့ဘက် ၄၅ မိနစ်တာ အိပ်စက်ခြင်းက မှတ်ဥာဏ်အတွက်ကောင်း"


နေ့ခင်းနေ့ဘက် ၄၅ မိနစ်ကနေ ၁ နာရီ ဝန်းကျင် လောက်အထိ အိပ်စက်ခြင်းဟာ မှတ်ဥာဏ်ရည် တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ Google တို့လို ကုမ္ဗဏီကြီးတွေမှာဆိုရင် နေ့ခင်းနေ့ဘက် ခေတ္တ အနားယူလိုသူများအတွက် အိပ်လို့ရမယ့် နေရာလေးကို ဖန်တီးပေးထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ အိပ်စက်ခြင်းက မှတ်ဥာဏ် အရည်အသွေးကို တိုးတက်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပြီး အားအင်လည်း ဖြစ်စေကြောင်း ဆိုပါတယ်။ အဓိကကတော့ အာရုံကြော ကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုခြင်း ဖြစ်ပါတယ်။

အတိအကျအားဖြင့် နေ့ခင်းခဏ အိပ်စက်သူတွေ အနေနဲ့ သာမန်လူတွေထက် တစ်ခုခုကို ပြန်လည် မှတ်မိနိုင်ချေ ငါးဆ တက်ကြောင်း ဆိုထားပါတယ်။

Ref: Metro
အောင်ခမ်း (ရိုးရာလေး)



lutawlupyaw

No comments:

Post a Comment