Monday, March 23, 2015

"၂၀ ကျော်အရွယ် နေထိုင်မှုပုံစံမှာ အမျိုးသားတွေ ဆင်ခြင်သင့်တဲ့ အလေ့အထများ"

"၂၀ ကျော်အရွယ် နေထိုင်မှုပုံစံမှာ အမျိုးသားတွေ ဆင်ခြင်သင့်တဲ့ အလေ့အထများ"

ကျောင်းသားတစ်ယောက်အဖြစ် ကုန်ဆုံးခဲ့ရတဲ့ ပျော်ရွှင်ဖွယ်ရာအချိန်တွေ ကုန်ဆုံးခဲ့ပြီးနောက် ၀မ်းနည်းစွာပဲ သင့်မှာ ရွေးချယ်ခွင့်မရှိတော့ပေမယ့် ဆက်လက်ပြီးတော့ ရှင်သန်ရပါဦးမယ်။ လူတွေက သင့်ကို အမြင်တစ်မျိုးနဲ့ ဆုံးဖြတ်ကြတော့မယ့်အချိန်မှာ ကျောင်းတုန်းက လုပ်ခဲ့တဲ့ ခပ်နောက်နောက် အလုပ်တွေဟာ အခုရောက်နေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာတော့ လက်ခံနိုင်စွမ်းရပ်တန့်သွားပါပြီ။

အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ အသိပညာကြွယ်ဝမှုကလည်း အတူလိုက်လာရမှာ ဖြစ်သလို အရွယ်ရောက်တဲ့အချိန်ကစလို့ သင့်ဘ၀ကို သင့်လက်ထဲမှာ အပြည့်အ၀ဆုပ်ကိုင်ခွင့် ရှိနေပါပြီ။ အခုဖော်ပြပေးမှာကတော့ ၂၀ ကျော်အရွယ်မှာ အမျိုးသားတွေ မလုပ်သင့်တဲ့ အရာ (၆) ခုပဲ ဖြစ်ပါတယ်။

(၁) အသင့်စား အစားအသောက်တွေကို မမှီခိုပါနဲ့။

ငယ်ငယ်က အမေလုပ်ပေးတတ်တဲ့ အသင့်စား အစားအသောက်တွေက ပိုလွယ်ကူ့မြန်ဆန်ပြီး အရသာရှိတတ်ပါတယ်။ ဒါပေမယ့် အချိန်တွေက ပြောင်းလဲခဲ့ပါပြီ။ အရွယ်ရောက်လာတဲ့ သင်နဲ့အတူ သင့်ရဲ့ ခန္ဓာကိုယ် ဓာတုဓါတ်ပြောင်း ဖွဲ့စည်းမှုတွေကလည်း လိုက်ပါပြောင်းလဲနေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပိုပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အစားအစာတွေကို ချက်ပြုတ်စားသောက်ဖို့ လိုအပ်လာပါပြီ။ ပီဇာကဲ့သို့သော အသင့်စား အစားအစာတွေက သင့်ရဲ့ အာဟာရဓါတ်ပြည့်ဝနှုန်းကို ကန့်သတ်ထားပါတယ်။ ဒါကြောင့် နေ့တိုင်းအတွက် တကယ်အဟာရပြည့်တဲ့ အစားအစာ အစစ်တွေ လိုအပ်နေပါပြီ။

(၂) ပါတီတိုင်းကို မသွားပါနဲ့။

ဖိတ်ကြားခံရတိုင်း (ဒါမှမဟုတ်) သင့်ရဲ့အချစ်ဆုံး သူငယ်ချင်းတွေ အားလုံးစုံညီစွာ ရောက်ရှိနေတိုင်း သင့်အနေနဲ့ သွားရမယ်လို့မဆိုလိုပါဘူး။ အဲ့ဒီအစား စာအုပ်ကောင်းတစ်အုပ်၊ ဇာတ်ကားကောင်းတစ်ကားနဲ့ တစ်ကိုယ်တည်း အပြည့်အ၀အနားယူလိုက်ပါ။ ရက်သတ္တပတ်အဆုံး တွေမှာ ကလပ်သွားဖို့ရှိတယ်ဆိုရင်တောင် ပြန်ထိုင်လိုက်ပါ။ စိတ်လျော့ချလိုက်ပြီး ပြန်စဉ်းစားကြည့်ပါ။ သင့်မှာ အဲဒီလိုအမှတ်တရ ညနေခင်းမျိုး မလွဲမသွေ ရှိခဲ့ဖူးတာ သတိရလိုက်ပါ။

(၃) အလုပ်ကို အလွန်အကျွံမလုပ်ပါနဲ့။

မနက်လေးနာရီလောက်အထိ အိပ်မပျော်အောင် ကော်ဖီတွေ တစ်အိုးပြီးတစ်အိုး သောက်ကာ ကောလိပ်က assignment တွေပြီးဖို့အတွက် မနားမနေ ကြိုးစားဖူးပါလိမ့်မယ်။ ဘ၀က ဒီ့ထက်ပိုပြီးခက်ခဲပါတယ်။ ဒါပေမယ့် အခုကစပြီးတော့ ဒီလိုအကျင့်မျိုးကိုတော့ စွန့်လွှတ်ဖို့လိုပါလိမ့်မယ်။ ဒီလိုမညှာတာတတ်တဲ့ အလုပ်တွဲလုပ်ရတဲ့သူမျိုး ရှိနေရင်လည်း ဆန့်ကျင်ပစ်ဖို့လိုပါတယ်။ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းကို ဒုတိယအကောင်းဆုံးအဖြစ်နဲ့ မရပ်တည်သင့်ပါဘူး။ သင့်အနေနဲ့ တိကျတဲ့အချိန်အပိုင်းအခြားအတွင်းမှာ သွက်လက်တက်ကြွစွာ အလုပ်လုပ်နိုင်ခြင်းကသာ သင့်အသက်မွေးမှုကို တိုးတက်စေမှာပါ။

(၄) စနေနေ့လို ပိတ်ရက်မျိုးမှာ နေ့လည် (၁) နာရီထိ အိပ်တာမျိုးရှောင်ရှားပါ။

၂၀ ရာစု ရောက်တာနဲ့အညီ လူတွေက အကောင်ဆုံးနေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့ မျှော်လင့်ကြပါလိမ့်မယ်။ အိပ်ရာထဲလဲနေတာက သင့်ရဲ့ရှားပါးတဲ့နေ့တစ်နေ့ကို ဖြုန်းတီးပစ်လိုက်တာပါ။ သွားစရာနေရာတွေ၊ တွေ့ဆုံစရာ မိသားစုနဲ့ သူငယ်ချင်းတွေ၊ စေခိုင်းစရာ အရေးကိစ္စတွေကို ဒီလိုနေ့မျိုးမှာ လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ပိတ်ရက်တွေဟာ တန်ဖိုးရှိပါတယ်။ နေ့လည် (၁) နာရီ၊ (၂) နာရီလောက်အထိ အိပ်ပစ်ပြီးတော့ မဖြုန်းတီးမိပါစေနဲ့။

(၅) တစ်ယောက်တည်းဖြစ်မှာ မကြောက်ပါနဲ့။

တစ်ကိုယ်တည်းနေခြင်းဟာ ကမ္ဘာကြီး ပျက်သုဉ်းခြင်းမဟုတ်ပါဘူး။ ပိုပြီးတောင် ကောင်းချင် ကောင်းနေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ သင့်ရဲ့တစ်ကိုယ်တည်းသမားဘ၀ကို သင်ဘယ်လို လက်ခံထားသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ၀ါသနာသစ်တစ်ခုကို ရှာဖွေပါ။ အားကစားနည်း တစ်ခုကို လိုက်စားပါ။ ပြီးတော့ လူသစ်တွေနဲ့ တွေ့ဆုံသင်ယူပါ။ တစ်ကိုယ်တည်းဖြစ်နေတဲ့အတွက် သင့်အချိန်တွေအားလုံးဟာ သင့်အတွက်ချည်းပါပဲ။ ဒါကြောင့် အမြဲတမ်းဖြစ်ချင်ခဲ့တာတွေကို အကောင်အထည်ဖော်ပါ။ တစ်ကိုယ်တည်းဖြစ်နေရခြင်းကို တန်ဖိုးထား ဂုဏ်ယူပါ။


Credit : TrendMyanmar



lutawlupyaw

No comments:

Post a Comment