Tuesday, March 24, 2015

" ငွေရှိမှ ကုသိုလ်ရတာ မဟုတ်ပါဘူး "

" ငွေရှိမှ ကုသိုလ်ရတာ မဟုတ်ပါဘူး "

ငွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှူတွေ အများကြီး ရှိပါတယ်။ ငွေသိန်းထောင်ချီ မလှူတန်းနိုင်ဘူး ဆိုရင်လည်း မိမိကိုယ်ကိုယ် အားမငယ်ပါနဲ့။ အလှူသည် သေးသည် ကြီးသည်နဲ့မဆိုင် စိတ်စေတနာနှင့်သာ ဆိုင်ပါတယ်။ ငွေနဲ့တန်ဖိုးဖြတ်မရတဲ့ အလှူတွေဟာ မိမိပတ်ဝန်းကျင်မှ သူများ မလုပ်ချင်တဲ့ အလုပ်များကို မိမိ၏ ခန္ဓာကိုယ်ဖြင့်ရင်းကာ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။

ဥပမာ - အများပြည်သူသွားရာ လမ်းများကို သန့်ရှင်းစင်ကြယ်အောင် တပြက်စည်း လှည်းခြင်း၊ အိမ်သာရေဆေးခြင်း၊ လူသွားလူရာ နည်းပါးသော အရပ်ဒေသတွေမှာ တနိုင်တပိုင် ရေအိုးစင် တည်ထားပေးခြင်း၊ ပျက်စီးနေသောလမ်းများကို မိမိတနိုင် လမ်းပြင်ခြင်းဖြင့် အလွန်အင်မတန်မှ တန်ဖိုးကြီးမားသော ကုသိုလ်များကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

မရှိလို့မလှူ  မလှူလို့မရှိ ရှိတာလေးတွေကို လှူဖြစ်အောင် လှူပါ။ ဒါကြောင့် မိမိမှာတတ်နိုင်တဲ့ ကိုယ်စွမ်း ဥဏ်စွမ်းဖြင့် အလှူရေစက်လက်နဲ့မကွာ လှူနိုင် တန်းနိုင်တဲ့ လောကီ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေသော်။

Photo By - bffct.org/
ကျော်လင်းနိုင် (ရိုးရာလေး)



lutawlupyaw

No comments:

Post a Comment