"အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်"
အခုအခါမှာ နွေရာသီရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ရာသီဥတု ပူပြင်းလာပြီ ဖြစ်ပါတယ်။ အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဓာတ်ဆားများ ဆုံးရှုံးမှု များပြားပါတယ် ဒီလိုဆုံးရှုံးမူကြောင့် မိတ်နဲ့ ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း။ သတိလစ်ခြင်းတို့အပြင် အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။
အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်များ မဖြစ်ပေါ်စေဖို့ လိုက်နာရမယ့်အချက်တွေကတော့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အတွင်း လွင်ထီးခေါင်ပြင် မြစ်ကမ်းနား၊ ရေဆိပ် စသည့် .နေရာတို့တွင် ရေချိုးခြင်းအား ရှောင်ကြဉ်ပြီး အရိပ်ရ အေးမြသော နေရာများတွင် နေပါ။ နေပူထဲက ပြန်လာပြီး ချက်ချင်းရေးချိုးခြင်းအား ရှောင်ကြဉ်ပါ။
နေပူထဲမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမူများ မပြုလုပ်သင့်ပါဘူး။ အရက်သောက်ခြင်းဟာ အပူဒဏ် အန္တရယ်ကို ဖြစ်ပေါ်စေခြင်းနဲ့ ဖြစ်ပွားခဲ့ပါက ပြင်းထန်စွာ ခံစားရစေခြင်းတို့ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ နေ့ခင်းဘက် အပြင်ထွက်တဲ့ အခါတိုင်း အရိပ်လုံလောက်စွာ ရရှိနိုင်တဲ့ ထီး၊ ဦးထုပ် များဆောင်းပါ။
အလင်းရောင်ပြန်တဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ အ၀တ်အထည်များ ၀တ်ဆင်ပါ။ ပေါ့ပေါ့ချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ပါ။ ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမူကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရေ သောက်ပါ။
ကိုယ်အပူရှိန် တက်လာပါက ရေအေးပတ် နိုင်နိုင်တိုက်ပါ။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေနှင့် နေ့လည် နေ့ခင်းတွင် အရိပ်ရပြီး လေ၀င်လေထွက် ကောင်းသော နေရာမျိုးတွင် နားနေပါ။ မိတ်ဖု ယားနာဖုများ ထွက်လာပါက ရေအေးဝတ် ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်း နယ်ခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်ပွားခဲ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနမှာ ပြသဖို့ ကျန်းမာရေး ၀န်ကြီးဌာနက နှိုးဆော်တိုက်တွန်းထားပါတယ်။ ဒီလိုကျန်းမာရေး ၀န်ကြီးဌာနက အပူဒဏ် ကာကွယ်ရေးနှိုးဆော်ချက် ထုတ်ပြန်ထားသော်လည်း လိုက်နာမူ အားနည်းခြင်းကြောင့် မလိုလားအပ်ပဲ အသက်အန္တရယ် ထိခိုက် ဆုံးရှုံးမှုများ ရှိနေကြောင်း သိရှိရပါတယ်ခင်ဗျာ။
https://www.facebook.com/padamyarfm/photos/a.176371232421126.44566.1605
lutawlupyaw
No comments:
Post a Comment