Lutaw Lupyaw
"နေ့လည်ပိုင်း အိပ်ငိုက်တတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်မလဲ"
ညနေ ၃ နာရီထိုးရင် သင်ဟာ အမြဲတမ်း ကော်ဖီဖျော်ဖို့ ကြိုးစားပါတယ်။ ဒါမှမဟုတ်လည်း ဘေးချင်းကပ်ရက် ထိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ကို Meme လုပ်ပြီး နောက်ပါတယ်။ သီချင်းနားထောင်ရင် နားထောင်ပါတယ်။ ဘာလို့လည်းဆိုတော့ အလုပ်လုပ်ချင်စိတ် မရှိတော့ပဲ အိပ်ချင်လာလို့ပါ။ ၀မ်းမနည်းပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်းမှာ အိပ်ငိုက်လာတတ်တာဟာ လူတွေရဲ့  သွေးလည်ပတ်မှု အချိန်စက်ဝိုင်းကြောင့် ဖြစ်တယ်လို့ National Sleep Foundation က ဖော်ပြထားပါတယ်။ Hum Nutrition အဖွဲ့က လူဦးရေ တစ်သောင်းခန့်ကို စစ်တမ်း ကောက်ယူခဲ့တာကတော့ အမျိုးသမီးတွေဟာ နေ့လည် ၂နာရီ ၅၅ မိနစ်မှာ စွမ်းအင် အလျော့နည်းဆုံး အချိန်ကို ရောက်သွားကြတယ်လို့ သိရပါတယ်။
သတင်းကောင်းတစ်ခုကတော့ နေ့လည်ခင်းဆို အိပ်ငိုက်လာတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ဖို့အတွက် နည်းလမ်းတစ်ချို့ ရှိနေပါတယ်။ အဲဒါတွေကတော့
၁။ ရေသောက်ပါ
ဒီစကားကို ခဏခဏ အပြောခံနေရလို့ အာရုံနောက်မသွားပါနဲ့။ ရေဓါတ် ခမ်းခြောက်ခြင်းဟာ စွမ်းအင်ကုန်ဆုံးမှုကို ပိုဖြစ်စေပါတယ်။ ရေတစ်ခွက်လောက် ထသောက်လိုက်ခြင်းဟာလည်း အိပ်ငိုက် ပြေသွားစေပါတယ်။ ရေထသောက်ဖို့ မေ့နေတတ်တယ်ဆိုရင်တော့ ရေဗူးတစ်ဗူးလောက် အနားမှာ ဆောင်ထားပါ။
၂။ အကြောဆန့်ပါ
တစ်ရုံးလုံးရှေ့ မှာ အကြောထဆန့်ရတာ မရှက်ပါနဲ့။ လူတိုင်း အိပ်ငိုက်နေမှန်းသိရက်နဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတာက ပိုဆိုးပါတယ်။ အကြောဆန့်လိုက်ခြင်းဟာ အာဟာရနဲ့ သွေးသား လည်ပတ်မှုတွေကို လျင်မြန်စွာ ဖြစ်ပေါ်လာစေပါတယ်။ ဒါဟာလည်း စွမ်းအင်ရယူခြင်း.တစ်မျိုးပါပဲ။
၃။ အစား အသောက်ဆင်ခြင်ပါ
အိပ်ငိုက်တတ်တာ အစားအသောက်နဲ့ မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဖိုက်ဘာပါဝင်မှုများတဲ့ အစားအစာတွေ၊ အသီးအရွက်တွေနဲ့ ပရိုတိန်းတွေပါဝင်တဲ့ အစားအစာတွေကို ပိုမို ရွေးချယ် စားသုံးပေးပါ။ ဖိုက်ဘာနဲ့ ပရိုတိန်းမျှတမှုဟာ စွမ်းအင်လျော့နည်းမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။
၎။ လေကောင်းလေသန့် ရှူရှိုက်ပေးပါ
အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူပေးပါ။ ပြင်ပလေကို ရှူရှိုက်ခြင်းဟာ စိတ်ဖိစီးမှုပမာဏကို လျော့နည်းသွားစေပြီး ဦးနှောက်ရဲ့  မောပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့ဖူးတဲ့ သုတေသနအရတော့ တစ်နေ့ကို မိနစ် ၂၀ လောက် အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူရုံနဲ့တင် စွမ်းအင်တွေ အသစ်တစ်ဖန် ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်ရဲ့ စိမ်းလန်းမှုနဲ့တော့ ဆိုင်ပါတယ်။
Ref:womenshealthmag
Credit: Trend Myanmar
Wednesday, February 10, 2016
"နေ့လည်ပိုင်း အိပ်ငိုက်တတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်မလဲ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment