Tuesday, February 23, 2016
သူ သင့်ကို ပြန်မချစ်နိုင်ဘူးဆိုတာ သိနိုင်တဲ့ အချက် (၈) ချက်"
"သူ သင့်ကို ပြန်မချစ်နိုင်ဘူးဆိုတာ သိနိုင်တဲ့ အချက် (၈) ချက်"
အချိန်တွေအများကြီး အကုန်ခံမနေပါနဲ့။ ဒီအချက်တွေကြည့်ပြီး သူ သင့်ကို ပြန်ချစ်၊ မချစ်ဆိုတာ သိနိုင်ပါတယ်။
မရေရာတဲ့ အခြေအနေတစ်ခုမှာ သူ ကိုယ့်ကို ပြန်ချစ်နိုင်ပါ့မလားဆိုတာ စဉ်းစားရတာ ခက်ခဲလှပါတယ်။ တကယ်တော့ နေ့စဉ် တွေ့မြင်နေရတဲ့ အပြုအမူတွေထဲမှာ အဖြေရှိပြီးသားပါ။
အထူးသဖြင့်တော့ အမျိုးသားတွေအတွက် ဒီအကဲခတ်နည်းက ပိုပြီး သင့်တော်ပါလိမ့်မယ်။ ပြန်မချစ်နိုင်တဲ့သူကို အချိန်များစွာပေးပြီး စောင့်ဆိုင်းနေရတာ ဆိုးလှပါတယ်။ သူ ကိုယ့်ကို ပြန်မချစ်နိုင်ဘူးဆိုတာကို ပြနေတဲ့ လက္ခဏာ (၁၀) ခု ရှိပါတယ်။
၁။ သင် ဖုန်းဆက်ရင် ဘယ်တော့မှ တစ်ခါတည်း မကိုင်ဘူး။ သူကစပြီး ဆက်တယ်ဆိုတာလည်း မရှိဘူး။ ဖေ့စ်ဘွတ်မှာလည်း သင်ကချည်း ပြောနေရတယ်။
၂။ ရည်းစားမထားချင်သေးဘူးဆိုတာပဲ အမြဲပြောနေမယ်။ သင်ကြားအောင် ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ သင့်ကို မျက်နှာချင်းဆိုင် ပြောတာလည်း ဖြစ်နိုင်တယ်။
၃။ ဘယ်ကိုကောင်လေးမျိုးနဲ့ ရည်းစားဖြစ်ချင်လည်း မေးရင် မဆိုင်းမတွပဲ ပြန်ဖြေတယ်။ သူကြိုက်တဲ့ ပုံစံက သင်နဲ့လည်း လုံးဝမတူဘူး။
၎။ သင့်နားမှာ ဘယ်တော့မှ လာမထိုင်ဘူး။ အမြဲတမ်း သင်နဲ့ဝေးရာမှာ နေတက်တယ်။
၅။ အခြားတစ်ယောက်နဲ့တွဲဖို့ သူ လမ်းစတွေ ပြင်နေပြီ။ ဒါဟာသင့်ကို မနာလိုအောင် လုပ်တာတော့ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ လုံးဝနောက်ဆုံးလိုက်ဖို့သာ စဉ်းစားပါတော့။
၆။ သူ့သူငယ်ချင်းနဲ့ သင့်ကို အတင်း မိတ်ဆက်ပေးမယ်။ အတင်း အောင်သွယ်တော် လုပ်ပေးနေမယ်ဆိုရင်လည်း သင် သူ့ကို လက်လျှော့လိုက်သင့်ပါပြီ။
၇။ သင်နဲ့ ချိန်းထားတာမျိုးတွေဆို အကြောင်းမခိုင်လုံပဲ ဖျက်ပစ်လေ့ရှိတယ်။ အကြောင်းအမျိုးမျိုးပြပြီး သင်နဲ့တွေ့ဖို့ သူ ငြင်းလေ့ရှိတယ်။
၈။ သင့်ရဲ့ဟာသတွေကို အားရပါးရ ရယ်လေ့မရှိဘူး။ မကောင်းတက်လို့ ပြုံးပြတာမျိုးလောက်ပဲ လုပ်မယ်။
Source : lovetimes
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment