
Lutaw Lupyaw
"မနက်ပိုင်း ရေချိုးခြင်းနဲ့ ညပိုင်း ရေချိုးခြင်းတို့ရဲ့  ကောင်းကျိုးများ"
တစ်ချို့လူတွေက မနက်ပိုင်းမှာ ရေချိုးဖို့ ရွေးချယ်ကြပြီး တစ်ချို့ကတော့ ညပိုင်းချိုးဖို့ကို ရွေးချယ်ကြပါတယ်။ တစ်ချို့ကတော့ မနက်ပိုင်းရေချိုးခြင်းဟာ ပင်ပန်းမှုကို ပိုမို ခံစားမိစေတဲ့အတွက် ညပိုင်းကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အချိန် ၂ ခုလုံးမှာ ကောင်းကျိုးကိုယ်စီ ရှိနေပါတယ်။
မနက်ပိုင်း ရေချိုးခြင်းရဲ့  ကောင်းကျိုးများ
မှတ်ချက်- မနက်ပိုင်းရေချိုးရင် ရေအေးကိုသာ အသုံးပြုပါ
မနက်ပိုင်းရေချိုးတဲ့အခါမှာ တစ်နေကုန် ပြန်လည် လန်းဆန်းနေပြီး အားအင်ပြည့်ဝနေတယ်လို့ ခံစားမိစေပါတယ်။
သွေးသားလည်ပတ်မှုနဲ့ ခုခံအားကို ပိုမို ကောင်းမွန်စေပါတယ်။
တစ်နေကုန်ပိုမို နိုးကြားနေစေပါတယ်။
ရေအေးတွေဟာ ဆံသားတွေနဲ့ အရေပြားတွေကို အဆီပြန်မှု မဖြစ်စေပါဘူး။ ကျယ်နေတဲ့ ချွေးပေါက်တွေကိုလည်း ကျဉ်းမြောင်းသွားစေပါတယ်။ ဒါကြောင့် အရေပြားနဲ့ ဦးရေပြားတို့မှာ ဖုန်မှုန့်တွေ ကပ်နေခြင်း မရှိစေပါဘူး။
ညပိုင်း ရေချိုးခြင်းရဲ့  ကောင်းကျိုးများ
ညပိုင်းရေချိုးတဲ့အခါ မနက်ပိုင်းထိ ပိုမို အိပ်ချိန်ရစေပါတယ်။
ညတိုင်း သန့်စင်စွာ အိပ်ယာဝင်တဲ့အတွက် အိပ်ယာတွေ၊ အိပ်ယာခင်းတွေကို ကြာရှည်စွာ သန့်စင်နေစေပါတယ်။
တစ်နေကုန် အလုပ်မှာ ပင်ပန်းလာခြင်းအတွက် ပြန်လည်လန်းဆန်းစေဖို့ အကောင်းဆုံး ကုသနည်းပါပဲ။
တစ်နေကုန် ရင်ဆိုင်ခဲ့ရတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်ပြီး အိပ်ယာထဲကို မပါလာ စေတော့ပါဘူး။
ဆံသားတွေကို ရှင်သန်လာစေပါတယ်။ ရေချိုးခန်းသုံး ခေါင်းစွပ်နဲ့ ရေချိုးရင်တောင်မှ၊ ဆံပင်စည်းပြီး ရေချိုးရင်တောင်မှ သင့်ဆံသားတွေဟာ ရေချိုးလိုက်တဲ့အခါမှာ လန်းဆန်းလာပါတယ်။ ပြီးရင်တော့ ဆံသားတွေကို အဆီတစ်ခုခု လိမ်းထားလိုက်ပါ။ မနက်ပိုင်းမှာ ဆံပင်အတွက် အချိန်ကုန်ဖို့ မလိုတော့ပါဘူး။
မနက်ပိုင်းမှာ မနက်စာစားဖို့ အချိန်ပိုရပါတယ်။
Ref:shefinds
Credit: Trend Myanmar

Thursday, February 18, 2016
"မနက်ပိုင်း ရေချိုးခြင်းနဲ့ ညပိုင်း ရေချိုးခြင်းတို့ရဲ့  ကောင်းကျိုးများ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment