Tuesday, February 16, 2016

"ကိုယ်ဝန်ဆောင်စဉ် ငါးအစားများလျှင် အဝလွန် ကလေး ရနိုင်နိုင်ခြေမြင့်"



Lutaw Lupyaw

"ကိုယ်ဝန်ဆောင်စဉ် ငါးအစားများလျှင် အဝလွန် ကလေး ရနိုင်နိုင်ခြေမြင့်"

အမေရိကန်နဲ့ ဥရောပမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၆,၀၀၀ ကို စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။

တစ်ပတ်လျှင် ၃ ကြိမ်ထက်ပိုပြီး ငါးစားလေ့ရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ အဝလွန်တဲ့ ကလေးတွေ မွေးဖွားနိုင်ခြေရှိကြောင်း သုတေသီတွေက ပြောပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ငါးစားသုံးမှု များခြင်းက အဝလွန်တဲ့ ကလေးတွေ မွေးဖွားလာနိုင်ခြေ ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

ဂရိနိုင်ငံရှိ ခရီတီတက္ကသိုလ်မှ သိပံ္ပပညာရှင်တွေက အမေရိကန်နဲ့ ဥရောပမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၆,၀၀၀ ကို လေ့လာခဲ့ပြီး အဆိုပါ အမျိုးသမီးတွေ မွေးဖွားခဲ့တဲ့ ကလေးတွေကို အသက် ၆ နှစ်အရွယ်အထိ စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း တစ်ပတ်လျှင် ၃ ကြိမ်ထက်ပိုပြီး ငါးစားလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ ကလေးတွေဟာ အသက် ၄ နှစ်အရွယ် အရောက်မှာ အဝလွန်မှု ဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းနဲ့ အသက် ၆ နှစ်မှာ အဝလွန်မှု ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါတယ်။ ဒီလို အဝလွန်မှုဟာ မိန်းကလေးတွေမှာ ပိုမိုဖြစ်နိုင်ကြောင်း JAMA Paediatrics ဂျာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။

Source & Photo: Leading Lady, Pregnancy And Baby, Daily Mail

Credit: duwun



No comments:

Post a Comment