Thursday, February 25, 2016

"သင်ဟာ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဆိုရင်"


"သင်ဟာ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဆိုရင်"

သင့်ချစ်သူဟာ အရမ်းချစ်တတ်တဲ့ ကောင်မလေးလား။ သင်ဟာ ဒီလို အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီဆိုရင် လက်လွတ်မခံပါနဲ့။ သူက ကိုယ့်ကို အကောင်းဆုံး ဘဝတစ်ခုကို ပေးနိုင်မယ့်သူဆိုတာ သူတို့ရဲ့ အချစ်တွေက သက်သေပြနိုင်ပါတယ်။ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်တွေက-

ကိုယ့်အတွက် အကြီးမားဆုံး အင်အားကို ပေးနိုင်ပါတယ်။ သူက ကိုယ့်အပေါ် သည်းခံတတ်တယ်။ ကိုယ်နဲ့အတူရှိရင် အဆိုးအကောင်း ဆင်းရဲဒုက္ခမျိုးစုံ ကြုံရမှာကိုလည်း တွေးမကြောက်တတ်ဘူး။ ဒီလို သူ့အချစ်တွေက ကိုယ့်အတွက် ခွန်အားဖြစ်စေပြီး ဘ၀အတွက် အားအင်တွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ရဲ့ အတိတ်က နာကျင်မှုတွေ၊ ပတ်သက်မှုတွေကို နားလည်မှုရှိရှိနဲ့ ကျော်လွှားပေးတတ်တယ်။ သူက ကိုယ့်ရဲ့ အရင်က အကြောင်းအရာတွေကို အတင်းမေ့ပစ်ခိုင်းဖို့ မကြိုးစားဘဲ သူ့ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ပျော်ရွှင်စေတဲ့အတွက် ကိုယ့်ရဲ့ ဆိုးရွားတဲ့အတိတ်က အလိုလို မှေးမှိန်သွားပါလိမ့်မယ်။

သူ့ရဲ့ သစ္စာတရားက ကိုယ့်တစ်ယောက်တည်းအတွက် အမြဲ မပြောင်းမလဲဘဲ ချစ်ပေးနေနိုင်တယ်။ ကိုယ့်ကို တန်ဖိုးထားတဲ့အတွက် ကိုယ်နာကျင်ထိခိုက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ သူက ကိုယ့်ကို ဘယ်တော့မှ အထီးကျန်မှုကို ခံစားစေမှာ မဟုတ်ဘူး။ သူ့အချစ်တွေနဲ့ လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဆိုးရွားတဲ့နေ့တွေ၊ ခက်ခဲတဲ့ ပြဿနာတွေကြုံတိုင်းမှာ အနားမှာ အမြဲရှိပေးတာကြောင့် ကွက်လပ်တစ်ခု ဖြစ်နေသလို ခံစားရမှာ မဟုတ်ဘဲ စိတ်ချရတဲ့ အားကိုးနိုင်လောက်တဲ့ အဖော်မွန်ကောင်းတစ်ယောက် အဖြစ် ကိုယ့်ဘေးမှာ အမြဲ ရှိနေပေးနိုင်လို့ပါ။

အဆင်မပြေတာတွေ ကြုံလာရင် ရှောင်ပြေးဖို့မလုပ်ဘဲ အတူတူ ဖြေရှင်းဖို့ ကြိုးစားတတ်သူ ဖြစ်ပါတယ်။ သူ့ဘက်က ဘယ်လောက်ချစ်ပေမဲ့လည်း ထာဝရအဆင်ပြေတဲ့ အချစ်ရေးဆိုတာ မရှိပါဘူး။ ပြဿနာဖြစ်လာတဲ့အခါ အထုတ်ဆွဲပြီး ရှောင်ထွက်သွားမယ့်အစား ကိုယ်နဲ့ ညှိနှိုင်းပြီး အဖြေရှာမယ်။ ပြေလည်အောင် ကြိုးစားမယ့်သူ ဖြစ်ပါတယ်။

ကိုယ် တိုးတက်အောင်မြင်ဖို့အတွက် သူက ကိုယ့်ကို စိန်ခေါ်မှုတွေကို ရင်ဆိုင်စေမယ်။ ကိုယ့်ကို ဝေဖန်ထောက်ပြမယ်။ ဆွေးနွေးညှိနှိုင်းမယ်။ ဒါတွေက သူက ကိုယ့်ကို အလေးထားတဲ့အတွက် ကိုယ့်ဘဝ မြင့်မားစေဖို့ လက်တွဲခေါ်ပြီး ပံ့ပိုးပေးလိုတဲ့စိတ်နဲ့ လုပ်ပေးတာတွေပဲ ဖြစ်ပါတယ်။ အနောက်မှာ ကျန်နေပြီး ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဘယ်တော့မှ ဖြစ်စေမှာ မဟုတ်ပါဘူး။

ဒါကြောင့် အရမ်းချစ်တတ်တဲ့မိန်းကလေးဆိုတာ အချစ်တစ်ခုတင်မကဘဲ ဘဝရဲ့ ချိုမြိန်မှုတွေကို ပါပေးနိုင်တဲ့အတွက် ကိုယ့်ကို သိပ်ချစ်တဲ့မိန်းကလေးကို လက်လွတ်လုံးဝ မခံသင့်ပါဘူး။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment