Thursday, February 18, 2016
"ပျော်ရွှင်သော စုံတွဲများဆီက ဘုံတူညီတဲ့အချက် (၃) ချက်"
"ပျော်ရွှင်သော စုံတွဲများဆီက ဘုံတူညီတဲ့အချက် (၃) ချက်"
Esther Perel ဆိုသူဟာ ကမ္ဘာတစ်ဝှမ်း စုံတွဲရာထောင်ချီနဲ့ ဆက်ဆံပြောဆိုဖူးသူဖြစ်ပြီး အချစ်ရေး အချစ်ရာနဲ့ပတ်သက်လို့ နာမည်ကျော်ကြားတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ စုံတွဲမျိုးစုံနဲ့ မရေမတွက်နိုင်တဲ့ ဆွေးနွေးမှုပေါင်းများစွာ ဆောင်ရွက်နေစဉ်အတွင်း ပျော်ရွှင်သော ချစ်သူစုံတွဲတို့မှာ ဘုံတူညီတဲ့ အဓိက အချက်တချို့ကို Perel သတိပြုမိခဲ့ပါတယ်။
တစ်ဦးအကြောင်းကို တစ်ဦး စူးစမ်းချင်စိတ်ပြင်းပြခြင်း
ရှင်သန်သက်ဝင်နေတဲ့ စုံတွဲတွေက တစ်ဦးအကြောင်းကို တစ်ဦး စူးစမ်းချင်စိတ်၊ သိချင်စိတ် ပြင်းပြကြပါတယ်။ သူ့အကြောင်း သိနေပြီးသားပါလို့ မပြောကြတဲ့အပြင် ပါးစပ်မဟခင် ပြောမယ့်စကား အကုန်သိပြီးသား ဆိုတဲ့ အပြုအမူမျိုးလည်း မရှိကြပါဘူး။
လက်တွဲဖော်ကြောင့် စစ်မှန်တဲ့ပျော်ရွှင်မှုရရှိခြင်း
တပါးသူတွေရဲ့ ပျော်ရွှင်မှုကို တကယ် အမြတ်တနိုး ထားတတ်သူတွေ ဖြစ်ပါတယ်။ ဒါက သဘောထားကြီးမှု၊ စိတ်ရင်းကောင်းမှု ဖြစ်ပါတယ်။
စုံတွဲဘဝမှာ ပုဂ္ဂိုလ်ရေးအကြောင်းများ ထိန်းထိန်းသိမ်းသိမ်းရှိခြင်း
လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေ လေးစားတန်ဖိုးထားသူတွေ ဖြစ်ပါတယ်။ အတွေး၊ တစ်ခုခုလိုက်စားခြင်း၊ ဝါသနာ၊ စိတ်ထက်သန် ပြင်းပြမှု သို့မဟုတ် ခင်မင်ရင်းနှီးမှု စသည့်နယ်ပယ်တွေမှာ နှံ့စပ်ကျယ်ပြန့်မှုရှိတဲ့ စုံတွဲတွေ ဖြစ်ပါတယ်။ တစ်ဦးပေါ် တစ်ဦး မှီပြီး ရှင်သန်သူတွေလည်း ဖြစ်ကြပါတယ်။
လွတ်လပ်မှု၊ တပါးသူကြောင့် ပျော်ရွှင်မှုနဲ့ တန်ဖိုးထားလေးစားမှု ဒီ (၃) ချက်က ရှင်သန်သက်ဝင်နေတဲ့ ချစ်သူစုံတွဲဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
Ref: Indiatimes
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment