Saturday, February 20, 2016

"အချစ်နဲ့"


"အချစ်နဲ့"

လူတစ်ယောက်ကြောင့် နာကျင်ခဲ့ရတာကို လူတစ်ယောက်ရဲ့ ကြင်နာခြင်းနဲ့ ပြန်ကုသရတယ်။

အချစ်ကြောင့် အသဲကွဲခဲ့ရတာကို အချစ်နဲ့ပဲ ပြန်ဖာထေးရတယ်။

လူတယောက်ကြောင့် ရတဲ့ဒဏ်ရာကိုလည်း လူတစ်ယောက်နဲ့ပဲ ပြန်သက်သာအောင် လုပ်ကြရတယ်။

တချို့လူတွေ အချိန်အကြာကြီး နာကျင်ရတယ်၊ အသဲကွဲရတယ်ဆိုတာ ခေါင်းကြောမာလို့၊ အစွဲအလန်းကြီးလို့ပဲမလား။

တခါတလေကျတော့ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့တဲ့ တစ်စုံတစ်ယောက်ကိုတောင် ခွင့်မပြုချင်ပေမဲ့ ခွင့်ပြုခဲ့ရသေးတာ။ ကိုယ့်ကို သေချာပေါက် ကြင်နာမဲ့တစုံတယောက်ကို သင် ခွင့်ပြုသင့်ပါတယ်။

အစွဲအလန်းကြီးတယ် အပြောင်းအလဲလုပ်ဖို့ ခေါင်းမာတယ်ဆိုတာ သူ ကိုယ့်ကို ချစ်နေတုန်းမှာပဲ အသုံးဝင်တာပါ။ သူ ကိုယ့်ကို မချစ်တော့တဲ့အချိန်မှာတော့ အဲဒါတွေဟာ အသုံးမဝင်တော့ဘူး။ သင့်ကို နာကျင်ခြင်းသက်သက်ပဲ ဖြစ်စေတော့တယ်လေ။

ခင်မင်လျက်
ကောင်ကလေး

Credit: ကောင်မလေးရဲ့ကောင်လေး

No comments:

Post a Comment