Lutaw Lupyaw
"နံရံတဘက်ကအချစ်"
ကြင်နာမှုဆိုတာ ခံစားဖူးမှနူးညံ့တာ
ပစ်ပယ်မှုကတော့ ခံရအခက်ဆုံးပဲ
နွေးထွေးမှုဆိုတာ လက်ဖျားကတဆင့် ခံစားနိုင်သလား
အေးစက်စက် အပြုအမူတွေနဲ့တော့ ငါ ကျင့်သားရခဲ့ပြီ
လှပတဲ့သူ့အပြုံး ငါမမြင်ဖူးပေမယ့်
သူပြုံးလိုက်တိုင်း စိုးရိမ်ထိတ်လန့်ဖူးတယ်
အိမ်မက်ထဲ အလည်လာပါငါခေါ်လေတိုင်း
ကျောခိုင်းထားသူကြောင့် ခြောက်ခြားစွာ နိုးထခဲ့ရဆဲ
မဝင်ဖူးတဲ့ဒီရင်ခွင်က မနှင်ဘဲထွက်မသွားပါနဲ့
ချစ်ရသူမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့လေ။
Credit: ဇူဇူးစံ (Burmesehearts.com)
No comments:
Post a Comment