Friday, February 26, 2016

"အောင်မြင်တဲ့ ဆယ်ကျော်သက်ဘဝလေးပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက် (၈) ချက်"


"အောင်မြင်တဲ့ ဆယ်ကျော်သက်ဘဝလေးပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက် (၈) ချက်"

အောင်မြင်မှုဆိုတာ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ အောင်မြင့်ဖို့အတွက်
ကြိုးစားအားထုတ်ခွင့်ရှိပါတယ်။ ဒီတော့ ငယ်ရွယ်လှသေးတဲ့ ဆယ်ကျော်သက် အရွယ်မှာလည်း ဘယ်လိုအောင်မြင်အောင်
လုပ်ရမလဲဆိုတာကို ညီငယ် ညီမငယ်ရှိသူများအနေနဲ့လည်း တစ်ဆင့် ပြန်လည်မျှဝေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်သဘာနဲ့ကိုယ် နေတတ်ပါစေ။
ကိုယ့်သဘောနဲ့ကိုယ် နေဖို့ဆိုတာ အရာရာကို ဆန့်ကျင်ခိုင်းတာ မဟုတ်ပါ။ ဒီလို နေခြင်းက သင့်ကို အမှီခို ကင်းကင်းနဲ့ သက်တောင့်သက်သာ ဖြစ်စေတယ်၊ ယုံကြည်မှုကို တည်ဆောက်နိုင်စေပါတယ်။

၂။ ကျောင်းမှာကြိုးစားပါ။
ကြိုးစားခြင်းကြောင့် သင့်မှာ ဘာမှ အရှုံးမရှိပါဘူး။ ဆိုတော့ ကြိုးစားပါ။ သူများထက် ကြိုးစားပေးပါ။ အောင်မြင်ချင်တယ်ပြောပြီး မကြိုးစားဘူးဆိုရင် ဘာမှ အရာမရောက်ပါဘူး။

၃။ အသစ်ထွင်မယ်စဉ်းစားတိုင်း ဂရုစိုက်ပါ။
စဉ်းစားချင့်ချိန်နိုင်စွမ်းဟာ အောင်မြင်မှုကို အထူး ကျေးဇူးပြုပါတယ်။ စဉ်းစားချင့်ချိန်နိုင်တဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရင် အောင်မြင်ဖို့ လမ်းစပါဘဲ။ ဒါကြောင့် ဘာလုပ်လုပ် အမှားအယွင်းနည်းဖို့ စဉ်းစားပါ။

၎။ စိတ်အားထက်သန်ရာကို လုပ်ပါ။
စိတ်အားထန်သန်တဲ့ အလုပ်ကို ဖိနှိပ်ထားရင် လူရဲ့ ကြံရည်ဖန်ရည်နဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေကို အညွန့်ချိုးထားရာ ရောက်ပါတယ်။

၅။ မူးယစ်ဆေး မသုံးပါနဲ့။
မူးယစ်ဆေးသုံးခြင်းဟာ ဘယ်လောက်အထိ ဆိုးဝါးစေတယ်ဆိုတာကို အများကြီး ရှင်းပြစရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ်စွမ်းကိုယ်စရှိသူ လူငယ်လေးတွေဟာ မူးယစ်ဆေးရဲ့ သားကောင် ဖြစ်သွားတာနဲ့အမျှ အရမ်းနစ်နာပါတယ်။

၆။ အနာဂတ်ကို ပုံဖော်ပါ။
အောင်မြင်ချင်တဲ့သူမှာ အနာဂတ်ရည်မှန်းချက် ရှိရပါတယ်။ အနာဂတ်ရည်မှန်းချက် မရှိဘဲ အောင်မြင်ချင်တယ်ပြောလဲ အလကားပါဘဲ။ ဒီတော့ တိကျတဲ့ အနာဂတ်ရည်မှန်းချက် ရှိရမှာဖြစ်ပါတယ်။

၇။ ဥာဏ်ပညာအမျှော်အမြင် ရှိသူများနဲ့ ပေါင်းသင်းပါ။
အပေါင်းအသင်းဆိုတာ သင့်ဘ၀ကို ဟိုးအမြင့်ဆုံးထိ ရောက်အောင် ပုခုံးထမ်းတင်ပေးနိုင်သူများ ဖြစ်ပါတယ်။ ဒါပေမယ့် အပေါင်းအသင်းမှားလို့ မဖြစ်ပါဘူး။ မှားတဲ့ အပေါင်းအသင်းကြောင့် လမ်းဘေးရောက်နိုင်သလို မှန်ကန်တဲ့ အပေါင်းအသင်းကြောင့်လည်း သင့်ကို အထွတ်အထိပ်ကို ပို့ပေးတတ်ပါတယ်။

၈။ တက်တက်ကြွကြွနေပါ။
တက်တက်ကြွကြွနေမှ ဥာဏ်ပွင့်ပါတယ်။ လှုပ်လှုပ်ရှားရှားနေမှ ဖျက်လတ်တဲ့ ဦးနှောက်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ထုံထုံထိုင်းထိုင်း မနေပါနဲ့။ အရာရာကို နိုးကြားစိတ်ထားမှသာ သင်ဟာ ဖြတ်လက်ထက်မြတ်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment