Friday, February 19, 2016

"ထင်တော့ထင်သားဘဲ"


"ထင်တော့ထင်သားဘဲ"

တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက် ရှိတယ်။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ်။ အဲဒါကတော့ သူ့ကို ဘာပြောပြော ဟုတ်လား ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ… ဆိုပြီး အမြဲ အဲသလို ပြောတတ်သတဲ့။ အဲဒါကို နေ့တိုင်းကြားနေရတော့ ယောက်ျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ်။ ဒါနဲ့ တစ်နေ့မှာ ယောက်ျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားကန် (နွားမောင်းရာတွင် နွားကိုရိုက်ရန် သုံးသော တုတ်) ကိုင်ပြီး သူတစ်ယောက်ထဲ ပြန်လာတယ်။ ဒါကို မိန်းမကမြင်တော့…

"ဟော… ရှင်ဘာဖြစ်လို့ အိမ်ကို အစောကြီးပြန်လာရတာလဲ… ဒါနဲ့ လှည်းတွေ နွားတွေရော"
"အေးကွာ… မပြောကို မပြောချင်ပါဘူး။ ငါ တောရောက်လို့ လှည်းကနွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ် ပျံကုန်ကြတယ်ကွာ"
ဒီတော့ မိန်းမက သူ့ဝသီအတိုင်း…
ဟုတ်လား… ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲ… ဒီနွားနှစ်ကောင် ဒီနေ့မနက် မြင်ရတာ ထူးဆန်းနေသလားလို့"
ဒီတော့ ယောက်ျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားကန်နဲ့ မိန်းမကို လှိမ့်ရိုက်ပြီး ပါးစပ်ကလဲ…
"ထင်ဦးကွာ… ထင်ဦးကွာ မင်း ဒီသောက်ကျင့်က မပျောက်နိုင်ဘူး… နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ ပြောတာ ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစားဘဲ သူဘဲ ကြိုသိသလိုလို… ဒီသောက်ကျင့်က မဖျောက်ဘူး"
ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့ စကားကြောင့် သူ ဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ်။ ပြောတာက…
"ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲ" တဲ့

Zaw Min Latt

Credit: No Name

No comments:

Post a Comment