Friday, February 19, 2016

လူတစ်ယောက်ကို


လူတစ်ယောက်ကို ကိုယ့်ဘဝထဲမှာ စောစောစီးစီး နေရာမပေးမိစေနဲ့။ တချို့လူတွေက ခင်မင်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ ကိုယ့်အနားက ထွက်သွားတယ်။ တချို့လူတွေက ချစ်ခွင့်ရဖို့ ကြိုးစားတယ်။ ချစ်ပြီးတော့ ကိုယ့်အပေါ် သွေးအေးသွားကြတယ်။

လူတစ်ယောက်ကို ကိုယ့်ရင်ထဲမှာ စောစောစီးစီး နေရာမပေးမိစေနဲ့။ စောစောစီးစီး တွယ်တာတဲ့လူ၊ စောစောစီးစီး ချစ်မိတဲ့သူ၊ စောစောစီးစီး နေရာပေးမိသူတွေဟာ စောစောစီးစီးပဲ ဒဏ်ရာရတတ်တယ်။ ပြီးတော့ ခက်ခက်ခဲခဲနဲ့ ကိုယ့်ရင်ထဲက သူတို့ကို ပြန်ထုတ်ရတတ်တယ်လေ။

Credit: ကောင်မလေးရဲ့ကောင်လေး

No comments:

Post a Comment