Monday, February 8, 2016

"ကလေးတွေကို ဘာကြောင့် ပုံပြင် ပြောပြသင့်တာလဲ"



Lutaw Lupyaw

"ကလေးတွေကို ဘာကြောင့် ပုံပြင် ပြောပြသင့်တာလဲ"

၁- ရင်းနီးမှု

ပုံပြင်ပြောပြတဲ့ အချိန်ဟာ အခြားအချိန်တွေထက် သင့်ရင်သွေးရဲ့ ချစ်ခင်မှုကို ရစေပါတယ်။

၂- ဘာသာစကား

ပုံပြောပြခြင်းဟာ ဘာသာစကားကို ကလေးငယ်တွေ သင်ယူရာမှာ သက်သောင့်သက်သာ ရှိစေပါတယ်။

၃ - ဘဝအကြောင်း

ပုံပြင်တွေဟာ ဘဝနဲ့ပက်သက်လို့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို ကောင်းမွန်စေပါတယ်။

၎- စိတ်ကူး

ဘယ်အရာမဆို စိတ်ကူးတွေနဲ့ စခဲ့တာပါ။ ပုံပြင်တွေဟာ ကလေးတွေကို စိတ်ကူးယဉ်နိုင်စွမ်း အားကောင်းစေပါတယ်။

၅- မှတ်ညဏ်ထက်မြက်

ပုံပြင်တွေမှာ စလယ်ဆုံး ဇာတ်ကွက်လေးတွေနဲ့ ညီညွတ်စွာ ဖန်တီးထားပါတယ်။ ဒါတွေကို လိုက်လံမှတ်သားရင်းနဲ့ ကလေးဟာ မှတ်ညဏ် ထက်မြက်စေပါတယ်။

၆- အာရုံစူးစိုက်မှု

တစ်စုံတစ်ခုကို အာရုံစိုက်ထားနိုင်တဲ့ စွမ်းရည် ကလေးငယ်မှာ အားကောင်းလာစေပါတယ်။

၇- သင်ခန်းစာ

ပုံပြင်တွေမှာ သင်ခန်းစာတွေ၊ မှတ်သားစရာတွေ ပါဝင်တာကြောင့် ကလေးတွေကို တမင်တကာကြီး သင်ပေးနေစရာ မလိုပါဘူး။

ပုံပြင်မပြောတတ်တဲ့ မိဘတွေဟာ ကာတွန်းစာအုပ် ဖတ်ပြတာမျိုး လုပ်သင့်ပါတယ်။

Source: Disney
Photos : Pinterest

Credit: duwun



No comments:

Post a Comment