Sunday, February 14, 2016

"ပုံမှန်မဟုတ်တဲ့လူနဲ့ တွဲနေမိပြီဆိုတဲ့ အချက် (၇) ချက်"



Lutaw Lupyaw

"ပုံမှန်မဟုတ်တဲ့လူနဲ့ တွဲနေမိပြီဆိုတဲ့ အချက် (၇) ချက်"

၁- တစ်ချိန်လုံးလိမ်
အမြဲတမ်း လိမ်နေပါတယ်။ မလိမ်လည်းရနေတဲ့ အကြောင်းအရာလေးတွေကိုပါ လိမ်နေတာ ဖြစ်ပါတယ်။

၂- လူရှေ့ရောက်ရင်
လူရှေ့ရောက်ရင် သင့်ကို သိမ်ငယ်အောင် အမြဲလုပ်ပါတယ်။ တစ်ခါတစ်ရံ အရှက်ရအောင် လုပ်ပါတယ်။

၃- အာရုံစိုက်စေချင်
သူတို့ကို အာရုံစိုက်တာကို တအားလိုချင်ပါတယ်။ ဒါပေမဲ့ ပြန်ပြီး ဂရုစိုက်တာမျိုးတော့ လုံးဝမရှိပါဘူး။

၎- အပြစ်တင်ပွဲ
ပြဿနာတွေဖန်တီးပါတယ်။ နောက်ပြီး သင့်ကိုပဲ အပြစ်တင်ပါတယ်။ ပြန်ရှင်းရင်းနဲ့ အမြဲ စိတ်ဒဏ်ရာရနေပါမယ်။

၅- အထီးကျန်
သင့်ကို အထီးကျန်အောင် လုပ်ပါမယ်။ သင့်သူငယ်ချင်း၊ သင့်အသိုင်းဝိုင်းနဲ့ ကင်းကွာအောင်လုပ်ပြီး သင် အထီးကျန်ဖြစ်အောင် ဖန်တီးပါမယ်။

၆- ခြိမ်းခြောက်
သူတို့မကြိုက်တာ လုပ်မိရင် ပုံမှန်အတိုင်း ဖြေရှင်းရမယ့်အစား လွန်လွန်ကျူးကျူးတွေ လုပ်ပါမယ်။ သင့်ကို ခြိမ်းခြောက်ပါမယ်။ သူတို့ကိုသူတို့ နာကျင်အောင် လုပ်မယ်လို့လည်း ခြိမ်းခြောက်ပါမယ်။

၇- မတူတာမျိုး
လူတိုင်းကြိုက်တာကို သူတို့က မကြိုက်ဘူးဆိုတာမျိုး လုပ်ပါမယ်။ သင်ကြိုက်တဲ့အရာကို သူ မကြိုက်တဲ့အကြောင်း အသေးစိတ် ပြောရင်ပြောနေပါမယ်။ လူအများက စိတ်မကောင်းဖြစ်တဲ့အရာကို သူတို့က ဟာသလို့ ထင်ပါလိမ့်မယ်။

Photos & Source: Lifehack

Credit: duwun


No comments:

Post a Comment