Lutaw Lupyaw
"နင့်ကို ချစ်တယ် ဆိုရင်ရော"
သူငယ်ချင်းနှစ်ယောက် စကားထာဖွက်တမ်း ဆော့နေရင်း ကောင်လေးမေးတာ ကောင်မလေးက မသိတော့...
ကောင်လေး။ ။ ဒါလေးတောင် မသိဘူး… တော်တော်ပိန်းတာပဲ… နင့်ခေါင်းကို ထုချင်တယ်။
ကောင်မလေး။ ။ ထုရဲထုကြည့်ပါလား… နင်တင်လက်ပါတာ မဟုတ်ဘူး… ငါလည်း လက်ပါတယ်… ဆယ်ချက်လောက် ပြန်ထုမယ် ဘာမှတ်လဲ။
ကောင်လေး။ ။ ကြောက်စရာကြီးပါလား… ဒါနဲ့ နင့်ကျောမှာ ခြင်ကိုက်နေတယ်… ငါရိုက်ပေးမယ်နော်။ tongue emoticon
ကောင်မလေး။ ။ ဒီအထာတွေရိုးနေပီ… နင်တစ်ချက်ရိုက်ရင် ငါ ဆယ်ချက်လောက် ပြန်ရိုက်မှာ… ဟွန်း။
ကောင်လေး။ ။ နင့်ခေါင်းကို ထုမယ်ဆိုတော့ ဆယ်ချက်ပြန်ထုမယ်… နင့်ကို ရိုက်မယ်ဆိုတော့ ဆယ်ချက်ပြန်ရိုက်မယ်… ဒါဆို…
-
-
-
-
-
-
-
-
ငါ့ဘက်က နင့်ကို ချစ်တယ် ဆိုရင်ရော ?? kiki emoticon
Credit: လက်တွဲဖော်
Thursday, February 11, 2016
"နင့်ကို ချစ်တယ် ဆိုရင်ရော"
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment