Thursday, February 18, 2016
"ဘာကြောင့် ခြေချိတ် မထိုင်သင့်လဲဆိုရင်"
"ဘာကြောင့် ခြေချိတ် မထိုင်သင့်လဲဆိုရင်"
ခြေချိတ်ထိုင်တာ သက်သောင့်သက်သာရှိတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးအများစုအတွက် ထိုင်နေကျပုံစံဖြစ်ပြီး ဝေဖန်သုံးသပ်မှု မရှိသလောက်ပါပဲ။ ဒါပေမယ့် ကျွန်ုပ်တို့ ဒီခြေချိတ်ထိုင်သည့် အပြုအမူကို ပြန်သုံးသပ်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရေရည်မှာ ကျန်းမာရေးနဲ့ ခန္ဓာကိုယ် ဆိုးကျိုးဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။
အံ့သြစရာကောင်းတာက ခြေတစ်ဖက် တွဲလျောင်းချိတ်ထိုင်ခြင်းကြောင့် ဖြစ်နိုင်တဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတချို့ ရှိနေတာပါ။ စစထိုင်သူတွေအတွက် ကျောအောက်ပိုင်းအတွက် ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ ခြေချင်းချိတ်ထားတာကြောင့် မတ်မတ်ထိုင်လို့မရ ဖြစ်စေပြီး ကိုယ်ဟန်အနေအထား ယိုယွင်းစေပါတယ်။ အချိန်ကြလာတာနဲ့အမျှ စိတ်ဖိစီးမှုနဲ့ ကျောရိုးအောက်ပိုင်းနဲ့ နောက်ကျောကို ဝန်ပိစေပြီး နာကျင်ကိုက်ခဲပြီး မသက်မသာ ဖြစ်စေနိုင်ပါတယ်။
ကျောပြင်ကိုက်ခဲမှုအပြင် ဒူးဆစ်နေရာကနေ ခြေချိတ်ထိုင်ခြင်းက သွေးပေါင် တက်စေနိုင်ပါတယ်။ ခြေချိတ်ပြီး ကြာကြာထိုင်တဲ့အခါမှာ သွေးပေါင် တက်လာကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယင်းအနေအထားက သွေးကို လွတ်လပ်ကောင်းမွန်စွာ စီးဆင်းရန် အဟန့်အတား ဖြစ်စေပြီး ရင်ဘတ်နေရာသို့ သွေးပိုပြီး ပို့လွတ်ပေးလို့ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အထက်ပိုင်းသို့ သွေးများပြားလာမှုက နှလုံးကို ဝန်ပိစေပါတယ်။ ခြေချိတ်ထိုင်ခြင်းဖြင့် ယင်းနေရာရှိ သွေးလွှတ်ကြောများ ညှပ်မိသွားစေကာ သွေးစီးဆင်းလည်ပတ်မှု အနှောင့်အယှက် ဖြစ်စေပါတယ်။
အမျိုးသမီးလုပ်နေကျအတိုင်း ဖက်ရှင်ကျကျ ခြေချိတ်ထိုင်ခြင်းက သွေးခဲမှုအန္တရာယ် အားပေးဖြစ်ပေါ်စေနိုင်ခြေ ရှိပါတယ်။
ဆရာဝန်များနဲ့ ကျွမ်းကျင်ပညာရှင်များ အဆိုအရ ခြေချင်းချိတ်ထိုင်ရန် အကောင်းဆုံးနည်းလမ်းက ပေါင်တံအပေါ်ပိုင်းထက် ခြေမျက်စိအောက်ပိုင်းနဲ့ ခြေချင်းဝတ်တွေမှာ ချိတ်တာ အကောင်းဆုံးဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေး အန္တရာယ်များလည်း လျော့နည်းစေပါတယ်။ ဘယ်ပုံစံဖြစ်ဖြစ် အကြာကြီး မထိုင်မိဖို့ သတိထားရပါမယ်။ ခြေထောက်ကို ဖြေ၊ မတ်တပ်ရပ်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေရန် ခန္ဓာကိုယ် ဟိုဘက်ဒီဘက် လှည့်ပေးသင့်တယ်လို့ ဆိုပါတယ်။
Ref: womansvibe
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment