Wednesday, February 3, 2016

"ပေါင်ပေါ်တင်ပြီး laptop သုံးခြင်းက အန္တရာယ် ကင်းပါရဲ့လား"



Lutaw Lupyaw

"ပေါင်ပေါ်တင်ပြီး laptop သုံးခြင်းက အန္တရာယ် ကင်းပါရဲ့လား"

လိုရာသယ်ဆောင်သွားနိုင်ပြီး အင်တာနက် မိတဲ့နေရာတိုင်းက သင့်ရဲ့ရုံးခန်း၊ စာသင်ခန်း၊ အပန်းဖြေစခန်း တစ်ခုဖြစ်စေနိုင်တဲ့ ဒီနေ့ခေတ်မှာ laptop တစ်လုံးက ကိုယ့်အတွက် ဘက်စုံသုံး ပစ္စည်းတစ်ခုလို ဖြစ်လာနေပါပြီ။ သင့်မှာ laptop တစ်လုံး ရှိမယ်ဆိုရင် အချိန်နေရာ ရွေးနေစရာမလိုပဲ ပေါင်ပေါ်တင်ပြီး လွယ်လွယ်ကူကူနဲ့ အကြိမ်များစွာ သုံးမိမှာ အမှန်ပါပဲ။ ဒီလို အသုံးပြုခြင်းက အန္တရာယ် ရှိစေနိုင်မလားလို့ သင် တွေးမိဖူးတယ်ဆိုရင် မှန်ပါတယ်လို့ ဆိုနိုင်ပါတယ်။

laptop ကြောင့် အရေပြား မီးကင်ရောဂါ (toasted skin syndrome) လို့ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်စေပါတယ်။ ကွန်ပျူတာကထွက်တဲ့ အပူနဲ့ ကြာရှည် ထိတွေ့မှုကြောင့် အရေပြား အရောင် ပျောက်သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အပူချိန် ၁၀၉.၄ ကနေ ၁၁၆.၆ ကြားရှိရင် လောင်ကျွမ်းမှု တစ်ခု ဖြစ်စေနိုင်ပါတယ်တဲ့။

ဒါ့ကြောင့် ကွန်ပျူတာကထွက်တဲ့ အပူချိန်က ၁၁၂.၂ ရှိတဲ့ အတွက် အရေပြား မီးကင်ရောဂါ ခံစားရနိုင်ဖို့ အလားအလာ များပါတယ်။ နောက်ထပ် အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်မျိုးကတော့ အရေပြားကင်ဆာ ဖြစ်ပါတယ်။ ပူနေတဲ့ laptop တစ်လုံးက ကင်ဆာ ဖြစ်စေနိုင်ရုံမက အရေပြားကိုလည်း ပျက်စီးစေပါတယ်။

laptop ကြောင့် ဖြစ်နိုင်တဲ့ အရေပြားရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါင်နဲ့ laptop ကြားမှာ ကြားခံအဖြစ် တစ်ခုခုထားပြီးမှ သုံးတာမျိုး၊ ကိုယ့် ခန္ဓာကိုယ်နဲ့ လုံးဝ မထိနေစေဖို့အတွက် laptop တင်တဲ့ ဒေါက်ခုံလေး တစ်ခုပေါ် တင်ပြီး သုံးတာမျိုး ပြုသင့်ပါတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

ခင်သူဇာ

Credit: Trend Myanmar



No comments:

Post a Comment