Lutaw Lupyaw
"လူပျိုကြီးတစ်ယောက်ရဲ့ ဒုက္ခ"
မနက်နေထွက်
Breakfast စား
အလုပ်သွား၍
နေ့လည်ရောက်သော်
lunch time ဆော်လျှက်
အလုပ်ဆက်ဆင်း
ညနေခင်းမှာ
အိမ်ပြန်လာပြီး
Dinner တီး၍
မွေ့ယာကိုခင်း
အိပ်စက်ခြင်းဖြင့်
နေ့စဉ်ရက်ဆက်
ပုံစံခွက်သဖွယ်
မပြတ်မငြီး လျှောက်လှမ်းပြီးလာ
နှစ်တွေကြာပေါ့…
နုပျိုရှက်သွေး လှယဉ်ကျေးလည်း
ငါ့နားမကပ် စိတ်တကယ်ပျက်၏…
ရိုးရိုးယဉ်ချို ရွက်ကြမ်းကြိုလည်း
ငါ့ဆီမလာ စိတ်တကယ်နာ၏…
မယဉ်မရိုင်း တောပန်းရိုင်းပင်
ငါ့ကိုကွေ့ရှောင် စိတ်တကယ်ချောင်၏…
ဝဝဖီးဖီး မဲမဲကြီးနှင့်
သွားကြဲနုတ်စွာ ဟောင်ဖွာဖွာနှင့်
အဆက်မပြတ် အော်ကြက်လဲထုတ်
တစ်ချက်လုပ်လျှင်
အသက်ဖင်ထွက်
မတွေးရက်ဖွယ်
သူယောင်မယ်ကြီး အသီးသီးတို့
ငါ၏နားမှာ ဝိုင်းလည်ချာ၍
ဘယ်ဘဝ ဝဋ်ကြွေး
ဒီကောင်လေးမှ
သနားမညှာ ရက်စက်လာခဲ့…
(ဒီလိုနဲ့ဘဲ)
မနက်နေထွက်
Breakfast စား
…
…
…
သံသရာ ရထား၌။
(တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ကြပါကုန်)
Credit: ကိုစိုးနိုင်
Monday, February 15, 2016
"လူပျိုကြီးတစ်ယောက်ရဲ့ ဒုက္ခ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment